ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Español
- Isidatta
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ကလျာဏသီလသုတ်
၉၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- ရဟန်းတို့ ကောင်းသော သီလရှိသူ ကောင်းသောတရားရှိသူ ကောင်းသော ပညာရှိသူ ရဟန်းကို ဤဓမ္မဝိနယ 'သာသနာတော်'၌ တစ်စုံတစ်ခု သင်္ခါရမဖက် သက်သက်နိဗ္ဗာန်ကို ရပြီးသူ ကျင့်သုံးပြီးသူယောကျာ်းမြတ်''ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ကောင်းသော သီလရှိသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ပါတိမောက္ခသံဝရသီလကို စောင့်ထိန်း၍ အကျင့် 'အာစာရ'ကျက်စားရာ 'ဂေါစရ'နှင့် ပြည့်စုံသည်ဖြစ်၍ နေ၏။ အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟု ရှုလျက်သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော သီလရှိသူ ဖြစ်၏။ ဤသို့လျှင် ကောင်းသော သီလ ရှိ၏။
အဘယ်သို့လျှင် ကောင်းသောတရားရှိသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ခုနစ်ပါးသော ဗောဓိပက္ခိယတရားတို့ကို ပွါးများအားထုတ်ခြင်းနှင့် ယှဉ်သည်ဖြစ်၍ နေ၏။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် ကောင်းသောတရားရှိသူ ဖြစ်၏။ ဤသို့လျှင် ကောင်းသော သီလ ကောင်းသောတရား ရှိ၏။
အဘယ်သို့လျှင် ကောင်းသော ပညာရှိသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာသဝေါတရားတို့ကုန်ခြင်းကြောင့် အာသဝေါမရှိသော ကိလေသာတို့မှ လွတ်မြောက်သော (အရဟတ္တဖိုလ်စိတ်)နှင့် ကိလေသာတို့မှ လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော ပညာ ရှိ၏။
ဤသို့လျှင် ကောင်းသော သီလရှိသူ ကောင်းသောတရားရှိသူ ကောင်းသော ပညာရှိသူ ရဟန်းကို ဤဓမ္မဝိနယ 'သာသနာတော်'၌ တစ်စုံတစ်ခု သင်္ခါရမဖက် သက်သက်နိဗ္ဗာန်ကို ရပြီးသူ ကျင့်သုံးပြီးသူယောကျာ်းမြတ်''ဟူ၍ ဆိုအပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''အကြင်ရဟန်းအားကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်းမကောင်းပြုခြင်း မရှိ၊ ရှက်စိတ်ရှိသော ထိုရဟန်းကို စင်စစ် ကောင်းသော သီလရှိသူဟူ၍ ဆိုကြကုန်၏။
အကြင်ရဟန်းအား အရဟတ္တမဂ်သို့ ရောက်စေတတ်သောတရားခုနစ်ပါးတို့ကို ကောင်းစွာပွါးအပ်ကုန်၏။ ရာဂပွါးခြင်းစသည် ကင်းသော ထိုရဟန်းကို ကောင်းသောတရားရှိသူဟူ၍ဆိုကြကုန်၏။
အကြင်ရဟန်းသည် ဤဘဝ၌ပင် မိမိ၏ ဆင်းရဲကုန်ခြင်းကို သိ၏။ အာသဝေါကုန်ခန်းသော ထိုရဟန်းကို ကောင်းသော ပညာရှိသူဟူ၍ ဆိုကြကုန်၏။
ထိုတရားတို့နှင့် ပြည့်စုံ၍ ဆင်းရဲကင်းသော ယုံမှားမှုကင်းပြတ်ပြီးသောတဏှာ ဒိဋ္ဌိတို့၌ မမှီသောသူကို အလုံးစုံသော လောက၌ အလုံးစုံကို ပယ်ပြီးသူဟူ၍ ဆိုကြကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
အဋ္ဌမသုတ်။
ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
- John D. Ireland (1997)
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
Deutsch
- Karl Seidenstücker (1922)
- Sabbamitta
Italiano
- Enzo Alfano
Español
- Isidatta
Català
- Albert Biayna Gea
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2014)
Nederlands
- Guy Eugène Dubois
Norsk
- Kåre A. Lie
Srpski
- Branislav Kovačević (2022)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Lietuvių Kalba
- Sayalay Piyadassi (2023)
Việt Ngữ
- Thích Minh Châu
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ကလျာဏသီလသုတ်
အကြောင်းအရာများ [၁]
English