ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2011)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—သူစိလောမသုတ်
၂၃၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂယာရွာ သူစိလောမဘီလူး၏ ဗိမာန်ညောင်စောင်းရှည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ခရလောမဘီလူး သူစိလောမဘီလူးတို့သည် မြတ်စွာဘုရား၏ အနီး၌ သွားကုန်၏၊ ထိုအခါ ခရလောမဘီလူးသည် သူစိလောမဘီလူးအား “ဤသူသည့်ရဟန်းတည်း”ဟု ဆို၏၊ “ဤသူကား ရဟန်း မဟုတ်၊ ရဟန်းတုတည်း။ ထိုသူသည် ရဟန်းလော ရဟန်းတုလော သိရအံ့”ဟု (သူစိလောမဘီလူးက ပြောဆို၏)။
ထို့နောက် သူစိလောမဘီလူးသည် ထိုမြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား၏ ကိုယ်တော်သို့ ကပ်၏၊ ထိုအခါ မြတ်စွာဘုရားသည် ကိုယ်တော်ကို ဖယ်ဆုတ်တော်မူ၏၊ ထိုအခါ သူစိ လောမဘီလူးသည် မြတ်စွာဘုရားအား “ရဟန်း (သင်သည်) ငါ့ကို ကြောက်သလော”ဟု ဆို၏၊ “ဘီလူး ငါဘုရားသည် သင့်ကို မကြောက်၊ စင်စစ်သော်ကား သင်၏ အတွေ့သည် ကြမ်းတမ်းယုတ်မာ၏”ဟု (မိန့်တော်မူ၏)။
“ရဟန်း သင့်အား ပြဿနာမေးအံ့၊ ငါ့အား အကယ်၍ မဖြေနိုင်အံ့၊ သင်၏ စိတ်ကိုသော်လည်း ပျံ့လွင့်စေအံ့၊ သင်၏ နှလုံးကိုသော်လည်း ခွဲအံ့၊ ခြေတို့၌ ကိုင်၍ ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့သော်လည်း ပစ်လိုက်အံ့”ဟု (ဆို၏)၊ ဘီလူး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ငါ၏ စိတ်ကိုမူလည်း ပျံ့လွင့်စေနိုင်သော နှလုံးကိုမူလည်း ခွဲစေနိုင်သော ခြေတို့၌မူလည်း ကိုင်၍ ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့ ပစ်နိုင်သော သူကို ငါ မမြင်၊ ဘီလူး သို့သော်လည်း သင်သည် အကယ်၍ အလိုရှိအံ့၊ မေးလော့”ဟု (မိန့်တော်မူ၏)။
“ရဟန်း တပ်မက်မှု ‘ရာဂ’သည်လည်းကောင်း၊ အမျက်ထွက်မှု ‘ဒေါသ’သည်လည်းကောင်း အဘယ်လျှင် အကြောင်းရင်း ရှိကုန်သနည်း။ မမွေ့လျော်မှုသည်လည်းကောင်း၊ မွေ့လျော်မှုသည်လည်းကောင်း၊ ကြက်သီးမွေးညင်း ထမှုသည်လည်းကောင်း အဘယ်မှ ဖြစ်သနည်း။ ‘သူငယ်တို့သည် ကျီးကို ဖမ်း၍ ကြိုးဖြင့် ချည်ကာ လွှတ်ကုန်သကဲ့သို့’ မနောဝိတက်တို့သည် အဘယ်မှ ဖြစ်သောကြောင့် အဘယ်ကို စွန့်လွှတ်ကုန်သနည်း”ဟု (မေး၏)။
“ဘီလူး တပ်မက်မှု ‘ရာဂ’သည်လည်းကောင်း၊ အမျက်ထွက်မှု ‘ဒေါသ’သည်လည်းကောင်း ဤအတ္တဘောလျှင် အကြောင်းရင်း ရှိကုန်၏။ မမွေ့လျော်မှုသည်လည်းကောင်း၊ မွေ့လျော်မှုသည်လည်းကောင်း၊ ကြက်သီးမွေးညင်း ထမှုသည်လည်းကောင်း ဤအတ္တဘောမှ ဖြစ်ကုန်၏။ သူငယ်တို့သည် ကျီးကို ဖမ်း၍ ကြိုးဖြင့် ချည်ကာ လွှတ်ကုန်သကဲ့သို့ ထို့အတူ မနောဝိတက်တို့သည် ဤအတ္တဘောမှ ဖြစ် သောကြောင့် (စိတ်ကို) စွန့်လွှတ်ကုန်၏။
အတ္တဘော၌ ဖြစ်သော တရားတို့သည် ‘ပညောင်ပင်၏ မြစ်ပျဉ်းကဲ့သို့’ တဏှာမှ ဖြစ်ကုန်၏၊ ‘တော၌ ဖြစ်သော မာလောနွယ်သည် (မိမိနွယ်သော သစ်ပင်ကို) ထက် ဝန်းကျင် ရစ်ပတ်ပိတ်ဆို့သကဲ့သို့’ များစွာသောကိလေသာတို့သည် ကာမဂုဏ်တို့၌ များစွာ ငြိတွယ်ကုန်၏။
ဘီလူး နားထောင်လော့။ အကြင်သူတို့သည် အတ္တဘောကို သိကုန်၏၊ ယင်း အတ္တဘောလျှင် အကြောင်းရှိသော တဏှာကိုလည်း သိကုန်၏။ ထိုသူတို့သည် အတ္တဘော၏ အကြောင်းဖြစ်သော ထိုတဏှာကို ပယ်ကုန်၏၊ တစ်ဖန် ဘဝသစ်၌ မဖြစ်စေခြင်းငှါ မကူးမြောက်သေးသော ကူးခပ်နိုင်ခဲသော ဤသြဃကို ကူးမြောက် ကုန်၏”ဟု (မိန့်တော်မူ၏)။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2011)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—သူစိလောမသုတ်
အကြောင်းအရာများ [၁]
English