ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—သတ္ထာရဝန္ဒနာသုတ်
၂၆၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား နတ်တို့အရှင် သိကြားမင်းသည် အကူ အညီဖြစ်သော မာတလိနတ်သားအား “အချင်းမာတလိ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်လော့၊ မြေကောင်းရာ အရပ်ကို ကြည့်ရှုခြင်းငှါ ဥယျာဉ်မြေသို့ သွားကုန်အံ့”ဟု မိန့်ဆို၏၊ ရဟန်းတို့ အကူအညီဖြစ်သော မာတလိနတ်သားသည် “အရှင်သိကြားမင်း ကောင်းပါပြီ”ဟု နတ်တို့အရှင် သိကြား မင်းအား ဝန်ခံ၍ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်ဆင်ပြီးလျှင် “အရှင်သိကြားမင်း အရှင်၏ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်ဆင်ပြီးပါပြီ၊ ယခုအခါ၌ သွားရန် အချိန်ကို အရှင်သိကြားမင်း သိပါ၏၊ (သွားရန်မှာ အရှင်သိကြားမင်း အလိုအတိုင်း ဖြစ်ပါသည်)”ဟု ကြားလျှောက်၏၊ ရဟန်းတို့ ထိုအခါ နတ်တို့အရှင် သိကြားမင်း သည် ဝေဇယန္တာပြာသာဒ်မှ ဆင်းသက်သည်ရှိသော် လက်အုပ်ချီ၍ မြတ်စွာဘုရားကို ရှိခိုး၏၊ ရဟန်းတို့ ထိုအခါ၌ အကူအညီဖြစ်သော မာတလိနတ်သားသည် နတ်တို့အရှင် သိကြားမင်းကို ဂါထာဖြင့် ရွတ်ဆို၏—
“သိကြားမင်း နတ်တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ထိုအရှင် သိကြားမင်းကို ရှိခိုးကြကုန်၏။ ထိုသို့ ရှိခိုးကုန်လျက် သိကြားမင်း ရှိခိုးသော နတ် သည်ကား အဘယ်မည်သော နတ်မင်းပါနည်း”ဟု (ရွတ်ဆို၏)။
“မာတလိ နတ်နှင့် တကွသော ဤလောက၌ ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြင်မြတ်စွာဘုရားသည် ရှိတော်မူ၏၊ မယုတ် (ပြည့်စုံ) သော အမည်ရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ရှိခိုး၏။
မာတလိ အကြင်ပုဂ္ဂိုလ်တို့အား တပ်မက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ မသိမှု ‘အဝိဇ္ဇာ’သည် ငြိတွယ်ခြင်း ကင်းကုန်၏၊ ကုန်ပြီးသော အာသဝရှိကုန်၏၊ မြတ်သော အလှူကို ခံထိုက်ကုန်၏၊ ထိုရဟန္တာပုဂ္ဂိုလ်တို့ကို ငါသည် ရှိခိုးပါ၏။
မာတလိ အကြင်ကျင့်ဆဲဖြစ်သူ ‘သေက္ခ’တို့သည် ရာဂ,ဒေါသကို ပယ်ဖျောက်ကုန်၏၊ အဝိဇ္ဇာကို လွန်မြောက်ကုန်၏၊ (ဝဋ်ဆင်းရဲကို, ဖျက်ဆီးခြင်း၌ မွေ့လျော်ကုန် သည် ဖြစ်၍ မမေ့မလျော့ လျော်စွာ ကျင့်ဆဲ ဖြစ်ကုန်၏၊ ထိုကျင့်ဆဲ ဖြစ်သူ ‘သေက္ခ’ပုဂ္ဂိုလ် ခုနစ်ယောက်တို့ကို ငါသည် ရှိခိုး၏”ဟု (မိန့်ဆို၏)။
“သိကြားမင်း အရှင်သိကြားမင်းသည် အကြင်သူတို့ကို ရှိခိုး၏၊ ထိုသူတို့သည် လောက၌ မြတ်ကုန်သတတ်။ သိကြားမင်း အကြင်သူတို့ကို အရှင်သိကြားမင်းသည် ရှိခိုး၏၊ ထိုသူတို့ကို အကျွန်ုပ်သည်လည်း ရှိခိုးပါ၏”ဟု (ရွတ်ဆို၏)။
မဃလုလင် ဖြစ်ဖူးသော၊ သုဇာ၏ ခင်ပွန်းဖြစ်သော၊ အကြီးအမှူးဖြစ်သော သိကြားမင်းသည် ဤစကားကို ဆိုပြီး၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ရထား ထက်သို့ တက်စီးလေ၏။
ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—သတ္ထာရဝန္ဒနာသုတ်
အကြောင်းအရာများ [၁]
English