ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2011)
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2015)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဥပဝါဏသုတ်
၂၆။ သာဝတ္တိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်ဥပဝါဏသည် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—
“အသျှင်ဘုရား ဆင်းရဲကို ကိုယ်တိုင်ပြုအပ်၏ဟု ပညတ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့ ရှိကုန်၏၊ ဆင်းရဲကို သူတစ်ပါးပြုအပ်၏ဟု ပညတ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့ ရှိကုန်၏၊ ဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ် သူတစ်ပါးလည်း ပြုအပ်၏ဟု ပညတ်ကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့ ရှိကုန်၏၊ ဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်သည် မဟုတ်၊ သူတစ်ပါးလည်း ပြုအပ်သည် မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့ ရှိကုန်၏။ ဤအရာ၌ အကျွန်ုပ်တို့၏ မြတ်စွာဘုရားသည် အဘယ်သို့ အယူရှိပါသနည်း၊ အဘယ်သို့ ဟောကြားပါသနည်း၊့အကျွန်ုပ်တို့သည် အဘယ်သို့ ပြောကြားသည်ရှိသော် မြတ်စွာဘုရား ဟောသော စကားကိုပင် အတုလိုက်၍ ဆိုသည် မည်ပါကုန်အံ့နည်း၊ မြတ်စွာဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်ပါ ကုန်အံ့နည်း၊ မြတ်စွာဘုရား ဟောသော တရားနှင့် လျော်သော တရားကိုလည်း ပြောသည် မည်ပါကုန် အံ့နည်း၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ်သို့ မရောက်ဘဲ ရှိပါအံ့နည်း”ဟု လျှောက်၏။
ဥပဝါဏ ဆင်းရဲကို ပဋိစ္စသမုပ္ပန္န (စွဲ၍ ဖြစ်သော) တရားဟူ၍ ငါဘုရား ဟောတော်မူ၏။ အဘယ်ကို စွဲ၍ ဖြစ်သနည်း၊ တွေ့ထိမှု ‘ဖဿ’ကို စွဲ၍ ဖြစ်၏။ ဤသို့ ဆိုသောသူသည် ငါဘုရား ဟောသော စကား ကိုပင် အတုလိုက်၍ ဆိုသည် မည်ရာ၏၊ ငါဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲသည် မည်ရာ၏၊ ငါဘုရား၏ တရားနှင့် လျော်သော တရားကိုလည်း ပြောကြားသည် မည်ရာ၏၊ အကြောင်းနှင့် တကွ အယူသို့ ကျရောက်ခြင်းသည် ကဲ့ရဲ့ဖွယ် တစ်စုံတစ်ရာသို့ မရောက်ဘဲ ရှိရာ၏။
ဥပဝါဏ ထိုအယူလေးပါးတို့တွင် အကြင်သမဏဗြာဟ္မဏတို့သည် ဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်၏ဟု ပညတ်ကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည် တွေ့ထိမှု ‘ဖဿ’အကြောင်းခံကြောင့် ဖြစ်၏၊ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏ ဗြာဟ္မဏတို့သည် ဆင်းရဲကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ် သူတစ်ပါး ပြုအပ်သည်လည်း မဟုတ် အကြောင်းမဲ့ ဖြစ်၏ဟူ၍ ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဝေဒနာသည်လည်း တွေ့ထိမှု ‘ဖဿ’ အကြောင်းခံကြောင့် ဖြစ်၏။
ဥပဝါဏ ထိုအယူလေးပါးတို့တွင် ဆင်းရဲကို ကိုယ်တိုင် ပြုအပ်၏ဟု ပညတ်ကုန်သော သမဏ ဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် တွေ့ထိမှု ‘ဖဿ’ကို ကြဉ်ထား၍ ဆင်းရဲကို ခံစားကြကုန်လတ္တံ့ဟူသော ဤအကြောင်းမျိုးသည် မရှိ။ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏဗြာဟ္မဏတို့သည်ကား။ပ။ အကြင်သမဏဗြာဟ္မဏတို့သည် ဆင်းရဲကို ကိုယ်တိုင် ပြုအပ်သည်လည်း မဟုတ်၊ သူတစ်ပါး ပြုအပ် သည်လည်း မဟုတ်၊ အကြောင်းမဲ့ ဖြစ်၏ဟု ပညတ်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် စင်စစ် တွေ့ထိမှု ‘ဖဿ’ကို ကြဉ်ထား၍ ဆင်းရဲကို ခံစားကြကုန်လတ္တံ့ဟူသော ဤအကြောင်းမျိုးသည် မရှိဟု (ဟောတော်မူ၏)။
ဆဋ္ဌသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2011)
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2015)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဥပဝါဏသုတ်
အကြောင်းအရာများ [၁]
English