ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2011)
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2015)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဉာတိကသုတ်
၄၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဉာတိကရွာ အုဌ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်သည် ဖြစ်၍ တစ်ပါးတည်း ကိန်းအောင်းတော်မူသော မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏— မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ မျက်စိ၌ မှီသော သိမှု ‘စက္ခုဝိညာဏ်’ ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿ ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏၊ တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။
နားကိုလည်းကောင်း၊ အသံတို့ကိုလည်းကောင်း။ပ။ နှာခေါင်းကိုလည်းကောင်း၊ အနံ့တို့ကိုလည်းကောင်း။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း။ ကိုယ်ကိုလည်းကောင်း၊ အတွေ့အထိတို့ကိုလည်းကောင်း။ စိတ်ကိုလည်းကောင်း၊ သဘောတရား ‘ဓမ္မာရုံ’တို့ကိုလည်းကောင်း စွဲ၍ စိတ်ဟူသော ‘မနောဝိညာဏ်’ ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿ ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏၊ တဏှာ အကြောင်းခံကြောင့် ဥပါဒါန် ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။
မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ မျက်စိ၌ မှီသော သိမှု ‘စက္ခုဝိညာဏ်’ ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿ ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏၊ ထိုတဏှာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်း ကြောင့် ဥပါဒါန် ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။ နားကိုလည်းကောင်း၊ အသံတို့ကိုလည်းကောင်း စွဲ၍။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရား ‘ဓမ္မာရုံ’တို့ကိုလည်းကောင်း စွဲ၍ စိတ်ဟူသော ‘မနောဝိညာဏ်’ ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံမိခြင်း့ကြောင့် ဖဿ ဖြစ်၏၊ ဖဿ အကြောင်းခံကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ အကြောင်းခံကြောင့် တဏှာ ဖြစ်၏၊ ထိုတဏှာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏၊ ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။
ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရား၏ အသံတော်ကို ကြားလောက်ရာအရပ်၌ ရပ်တည် နေ၏၊ မြတ်စွာဘုရားသည် အနီး၌နေသော ထိုရဟန်းကို မြင်တော်မူသောကြောင့် ထိုရဟန်းအား “ရဟန်း သင်သည် ငါဘုရား ဟောတော်မူအပ်သော ဤတရားကို ကြားသည် မဟုတ်လော”ဟု ဤစကားကို မိန့်တော်မူ၏၊ အသျှင်ဘုရား ကြားပါ၏ဟု လျှောက်၏၊ ရဟန်း သင်သည် ဤတရားတော်ကို သင်ယူ လော့၊ ရဟန်း သင်သည် ဤတရားတော်ကို လေ့ကျက်လော့၊ ရဟန်း သင်သည် ဤတရားတော်ကို ဆောင်လော့၊ ရဟန်း ဤတရားတော်သည် အကျိုးစီးပွားနှင့် စပ်၍ မြတ်သောအကျင့်၏ အစဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2011)
Português
- Michael Beisert (2014)
Русский
- SV theravada.ru (2015)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဉာတိကသုတ်
အကြောင်းအရာများ [၁]
English