ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2011)
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2015)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အညတရ ဗြာဟ္မဏသုတ်
၄၆။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီးလျှင် တစ်ခု သော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား “အသျှင်ဂေါတမ အသို့ပါနည်း၊ ထိုသူသည် ပြုလုပ်၏၊ ထိုပြုလုပ်သူသည် ခံစားသလော”ဟု (ဤစကားကို လျှောက်၏)၊ ပုဏ္ဏား “ထိုသူသည် ပြုလုပ်၏။ ထို ပြုလုပ်သူသည် ခံစားအပ်၏”ဟူသော ဤအယူသည် တစ်ခုသော အစွန်းတည်းဟု (မိန့်တော်မူ၏)။
“အသျှင်ဂေါတမ အသို့ပါနည်း၊ တစ်ပါးသော သူသည် ပြုလုပ်၏၊ ပြုလုပ်သူမှ တစ်ပါးသော သူသည် ခံစားသလော”ဟု လျှောက်ပြန်၏။ ပုဏ္ဏား “တစ်ပါးသော သူသည် ပြုလုပ်၏၊ ပြုလုပ်သူမှ တစ်ပါးသော သူသည် ခံစား၏”ဟူသော ဤအယူသည်ကား ဒုတိယအစွန်းတည်း၊ ပုဏ္ဏား ထိုနှစ်ပါးသော အစွန်းတို့ကို မကပ်ရောက်မူ၍ အလယ်အလတ်ဖြင့် မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏၊ အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊ သင်္ခါရ အကြောင်းခံကြောင့် ဝိညာဏ် ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။ အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏၊ သင်္ခါရတို့ ချုပ်ခြင်းကြောင့်။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟော တော်မူ၏)။
ဤသို့ ဟောတော်မူသည် ရှိသော် ထိုပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ အစပြု၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်ကြားလေ၏)။
ဆဋ္ဌသုတ်
ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2011)
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2015)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အညတရ ဗြာဟ္မဏသုတ်
အကြောင်းအရာများ [၁]
English