ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Русский
- SV theravada.ru (2011)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
Lietuvių Kalba
- Sayalay Piyadassi (2022)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ—ပုဂ္ဂလသုတ်
၁၃၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္စ ျကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—
ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ ပ။ ရဟန်းတို့ တစ် ကမ္ဘာပတ် လုံး ပြေး သွား ကျ င် လည် သော ပုဂ္ဂိုလ်တစ်ယောက်၏ ဤသို့ များစွာသော အရိုးဆက် အရိုးပုံ အရိုးစုသည် စုပေါင်းသိမ်းဆည်း အပ်သည် ဖြစ်၍ မပျောက်ပျက်ခဲ့မူ ဤဝေပုလ္လတောင်နှင့် အမျှ ဖြစ်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ် ကြောင့်နည်း— ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။ လွတ်မြောက်ခြင်းငှါ သင့်လှတော့သည်သာ တည်းဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ် သော မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူပြီး၍ ထိုမှနောက်၌ ဤဆိုလတ္တံ့သော ဂါထာတို့ကို ဟောတော်မူ၏—
“တစ်ခုသော ကမ္ဘာကပ်၌ ဖြစ်သော တစ်ယောက်သော ပုဂ္ဂိုလ်၏ အရိုးစုသည် ဝေပုလ္လတောင်နှင့် တူမျှသော အစုအပုံ ဖြစ်ရာ၏ဟု မြတ်စွာဘုရားသည် ဟောတော်မူ၏။
မဂဓတိုင်းသူတို့၏ တောင်တို့ဖြင့် ခြံရံအပ်သော ရာဇဂြိုဟ်ပြည်၌ ထိုဝေပုလ္လ တောင်သည် ကြီး၏၊ ဤဝေပုလ္လတောင်ကို ‘ဂိဇ္ဈကုဋ်တောင်၏ မြောက်ဘက်နံပါး၌ တည်၏’ဟူ၍ ဆိုအပ်၏။
ဆင်းရဲ၊ ဆင်းရဲ၏ ဖြစ်ကြောင်း၊ ဆင်းရဲမှ လွတ်မြောက်ရာ (နိဗ္ဗာန်)၊ ဆင်းရဲ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သော အင်္ဂါရှစ်ပါးရှိသော အရိယ မဂ်ဟူကုန်သော ဤအရိယသစ္စာတို့ကို ကောင်းသောပညာဖြင့် ကောင်းစွာ မြင်သော အခါ၌—
ထိုပုဂ္ဂိုလ်သည် ခုနစ်ကြိမ်အတိုင်းအရှည် ကျင်လည်ရ၍ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် ဆင်းရဲ၏ အဆုံးကို ပြုခြင်းသည် ဖြစ်၏”ဟု (ဟောတော်မူ၏)။
ဒသမသုတ်။
ပထမဝဂ် ပြီး၏။
ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Русский
- SV theravada.ru (2011)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
Lietuvių Kalba
- Sayalay Piyadassi (2022)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ—ပုဂ္ဂလသုတ်
အကြောင်းအရာများ [၁]
English