ဘာသာပြန်ချက်များ [၂၁]
English
- Bhikkhu Sujato
- Suddhāso Bhikkhu (2020)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
- Giovanni Zappa (2025)
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Português
- Laera et al.
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ကာမဒသုတ်
၈၇။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ကာမဒနတ်သားသည် မြတ်စွာဘုရား အား “မြတ်စွာဘုရား (ရဟန်းတရားကို) ပြုနိုင်ခဲ၏၊ မြတ်စွာဘုရား (ရဟန်းတရားကို) အလွန်ပြုနိုင်ခဲ၏”ဟု ဤစကားကို လျှောက်၏။
ကာမဒနတ်သား ကျင့်ဆဲပုဂ္ဂိုလ် (သေက္ခခုနစ်ယောက်)တို့သည် သီလနှင့် ပြည့်စုံ ကုန်သည် တည်တံ့သော သဘောရှိကုန်သည် ဖြစ်၍ ပြုနိုင်ခဲသော ရဟန်းတရားကိုလည်း ပြုကုန်၏၊ ရဟန်းအဖြစ်သို့ ရောက်သောသူ၏ ရောင့်ရဲခြင်းသည် ချမ်းသာကို ဆောင်တတ်၏ဟု (မိန့်တော်မူ၏)။
“မြတ်စွာဘုရား အကြင်ရောင့်ရဲခြင်းသည် ရှိ၏၊ ထိုရောင့်ရဲခြင်းကို ရခဲပါ၏”ဟု (လျှောက်၏)။
ကာမဒနတ်သား အကြင်သူတို့အား နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း ပွားများမှု ‘ဘာဝနာ’၌ စိတ်သည် မွေ့လျော်၏၊ စိတ်၏ ငြိမ်းကြောင်း ‘ဘာဝနာ’၌ မွေ့လျော်ကုန်၏၊ ထိုသူတို့သည် ရခဲသော ရောင့်ရဲခြင်းကိုသော်လည်း ရကုန်၏ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။
“မြတ်စွာဘုရား အကြင်စိတ်သည် ရှိ၏၊ ထိုစိတ်ကို ဆောက်တည်နိုင်ခဲပါ၏”ဟု လျှောက်၏။
ကာမဒနတ်သား အကြင်အရိယာတို့သည် ဣန္ဒြေတို့ ငြိမ်သက်ခြင်း၌ မွေ့လျော် ကုန်၏၊ ကာမဒနတ်သား အကြင်အရိယာတို့သည် သေမင်း၏ ကွန်ရက်ကို ဖြတ် တောက်၍ သွားကုန်၏၊ ကာမဒနတ်သား ထိုအရိယာတို့သည် ဆောက်တည်နိုင်ခဲ သော စိတ်ကိုသော်လည်းကောင်းစွာ ဆောက်တည်နိုင်ကုန်၏ဟု မြတ်စွာဘုရား သည် မိန့်တော်မူ၏။
“မြတ်စွာဘုရား သွားနိုင်ခဲပါ၏၊ ခရီးလမ်းသည် မညီညွတ်ပါ”ဟု (လျှောက်၏)။
ကာမဒနတ်သား အရိယာတို့သည် သွားနိုင်ခဲသော လမ်း၌လည်းကောင်း၊ မညီ မညွတ်သော လမ်း၌လည်းကောင်း သွားနိုင်ကုန်၏။ ပုထုဇဉ်တို့သည် မညီမညွတ် သော လမ်း၌ ဦးခေါင်းစောက်ထိုး ကျကုန်၏၊ အရိယာတို့၏ ခရီးသည် ညီညွတ်၏၊ အရိယာတို့သည်သာလျှင် မညီမညွတ်သော သတ္တဝါအပေါင်းတွင် ညီညွတ်ကုန်၏ဟု (မိန့်တော်မူ၏)။
ဘာသာပြန်ချက်များ [၂၁]
English
- Bhikkhu Sujato
- Suddhāso Bhikkhu (2020)
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
- Giovanni Zappa (2025)
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Português
- Laera et al.
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ကာမဒသုတ်
အကြောင်းအရာများ [၁]
English