ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyanaponika Thera (1967)
- Sabbamitta (2019)
Español
- Anton P. Baron (2011)
Português
- Michael Beisert (2006)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2017)
Magyar
- Bartha Rita (2009)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন ভিক্ষু, আদিকল্যাণ ভিক্ষু, সীবক ভিক্ষু, রাহুল ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ပဋိပဒါသုတ်
၄၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သက္ကာယဖြစ်ပေါ်ခြင်းသို့ ရောက်စေတတ်သော အကျင့်ကိုလည်း့ကောင်း၊ သက္ကာယချုပ်ခြင်းသို့ ရောက်စေတတ်သော အကျင့်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကိုနာကြကုန်လော့။ ရဟန်းတို့ သက္ကာယဖြစ်ပေါ်ခြင်းသို့ ရောက်စေတတ်သော အကျင့်ဟူသည်အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အကြားအမြင်မရှိသော, အရိယာတို့ကို မမြင်ဖူးသော,အရိယာတရား၌ မလိမ္မာ သော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကိုမဖူးမြင်ဖူးသော, သူတော်ကောင်းတရား ၌ မလိမ္မာသော, သူတော်ကောင်းတရား၌ မယဉ်ကျေးသောပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ရှု၏။ ရုပ်ရှိ သော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်း ကောင်း ရှု၏။ ဝေဒနာကို အတ္တဟူ၍ ရှု၏။
သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တ ဟူ၍ သော်လည်းကောင်း ရှု၏။ ရဟန်းတို့ ဤအကျင့်ကို သက္ကာယဖြစ်ပေါ်ခြင်းသို့ ရောက်စေတတ်သော အကျင့်ဟူ၍ ဆိုအပ်၏။ ရဟန်းတို့”သက္ကာယဖြစ်ပေါ်ခြင်းသို့ ရောက်စေတတ်သော အကျင့် “ဟူသော ဤစကားကို “ဆင်းရဲဖြစ်ပေါ်ခြင်းသို့ရောက်စေတတ်သော ရှုမှု”ဟု ဆိုအပ်၏၊ ဤသည်ပင်လျှင် ဤပုဒ်၏ အနက်တည်း။
ရဟန်းတို့ သက္ကာယချုပ်ခြင်းသို့ ရောက်စေတတ်သော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အကြားအမြင်ရှိသော, အရိယာတို့ကို ဖူးမြင်ဖူးသော, အရိယာတရား၌ လိမ္မာသော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ လိမ္မာသော,သူတော်ကောင်းတရား၌ ယဉ်ကျေးသော အရိယာတပည့်သည် ရုပ်ကို အတ္တဟူ၍ မရှု။ ရုပ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ ဝေဒနာကို အတ္တဟူ၍ မရှု။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍ မရှု။ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ ရဟန်းတို့ ဤအကျင့်ကို သက္ကာယချုပ်ခြင်းသို့ ရောက်စေတတ်သော အကျင့်ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ “သက္ကာယချုပ်ခြင်းသို့ ရောက်စေတတ်သော အကျင့်” ဟူသော ဤစကားကို “ဆင်းရဲချုပ်ခြင်းသို့ ရောက်စေတတ်သော ရှုမှု”ဟု ဆိုအပ်၏၊ ဤသည်ပင်လျှင် ဤပုဒ်၏ အနက်တည်းဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyanaponika Thera (1967)
- Sabbamitta (2019)
Español
- Anton P. Baron (2011)
Português
- Michael Beisert (2006)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2017)
Magyar
- Bartha Rita (2009)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন ভিক্ষু, আদিকল্যাণ ভিক্ষু, সীবক ভিক্ষু, রাহুল ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ပဋိပဒါသုတ်
အကြောင်းအရာများ [၁]
English