ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyanaponika Thera (1967)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Anton P. Baron (2010)
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2017)
Magyar
- Bartha Rita (2009)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন ভিক্ষু, আদিকল্যাণ ভিক্ষু, সীবক ভিক্ষু, রাহুল ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—သမနုပဿနာသုတ်
၄၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အတ္တကို ရှုကြကုန်သော ခပ်သိမ်းသော သမဏဗြာဟ္မဏတို့သည်အတ္တကို အမျိုးမျိုး ရှုကြကုန်၏၊ ထိုသူအားလုံတို့သည် ဥပါဒါနက္ခန္ဓာငါးမျိုးကိုသော်လည်းကောင်း၊ ထိုငါးမျိုးတို့တွင် တစ်မျိုးမျိုးကိုသော်လည်းကောင်း ရှုကုန်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ — ရဟန်းတို့ ဤလောက၌ အကြားအမြင်မရှိသော, အရိယာတို့ကို မဖူးမြင်ဖူးသော, အရိယာတရား၌ မလိမ္မာသော,အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ မလိမ္မာသော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ရှု၏။
ရုပ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍ ရှု၏၊ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။
ဤသို့ ဤရှုမှုသည် ထိုသူအား “ငါ ဖြစ်၏ “ဟူသော စွဲလမ်းမှု မကင်းခြင်း ဖြစ်၏၊ ရဟန်းတို့ “ငါ့ဖြစ်၏ “ဟူ၍ စွဲလန်းမှု မကင်းလတ်သော် စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေဟူသောဣန္ဒြေငါးမျိုးတို့၏ သက်ရောက်မှု ဖြစ်၏။ ရဟန်းတို့ စိတ်သည် ရှိ၏၊ အာရုံတရားတို့သည် ရှိကုန်၏၊ အဝိဇ္ဇာဓာတ်သည် ရှိ၏။ ရဟန်းတို့ အဝိဇ္ဇာဓာတ်နှင့် ယှဉ်သည့် တွေ့ထိမှုကြောင့် ဖြစ်သော ခံစားမှုဖြင့်တွေ့ထိအပ်သော အကြားအမြင်မရှိသော ထိုပုထုဇဉ်အား “ငါ ဖြစ်၏ “ဟူ၍လည်း ဖြစ်၏၊ “ ဤအရာသည်ငါ ဖြစ်၏ “ဟူ၍လည်း ဖြစ်၏၊ “ဖြစ်ကုန်လတ္တံ့”ဟူ၍လည်း ဖြစ်၏၊ “မဖြစ်ကုန်လတ္တံ့” ဟူ၍လည်းဖြစ်၏၊ “ရုပ်ရှိသည်တို့ ဖြစ်ကုန်လတ္တံ့”ဟူ၍လည်း ဖြစ်၏၊ “ရုပ် မရှိသည်တို့ ဖြစ်ကုန်လတ္တံ့”ဟူ၍လည်းဖြစ်၏၊ “သညာရှိသည်တို့ ဖြစ်ကုန်လတ္တံ့”ဟူ၍လည်း ဖြစ်၏၊ “သညာ မရှိသည်တို့ဖြစ်ကုန်လတ္တံ့”ဟူ၍လည်း ဖြစ်၏၊ “သညာရှိသည်လည်း မဟုတ် သညာ မရှိသည်လည်း မဟုတ်သည်တို့ဖြစ်ကုန်လတ္တံ့”ဟူ၍လည်း ဖြစ်၏။
ရဟန်းတို့ ထိုခန္ဓာတို့၌ သာလျှင် ဣန္ဒြေငါးမျိုးတို့ တည်ကုန်သည်သာတည်း၊ ဤသို့ တည်သောဣန္ဒြေငါးမျိုးတို့၌ အကြားအမြင်ရှိသော အရိယာတပည့်အား အဝိဇ္ဇာ ကင်းပျောက်၏၊ ဝိဇ္ဇာဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်အား အဝိဇ္ဇာချုပ်ခြင်း ဝိဇ္ဇာဖြစ်ပေါ်လာခြင်းကြောင့် “ငါဖြစ်၏”ဟူ၍လည်း မဖြစ်တော့ချေ၊ “ ဤအရာသည် ငါ ဖြစ်၏”ဟူ၍လည်း မဖြစ်တော့ချေ၊ “ဖြစ်ကုန်လတ္တံ့”ဟူ၍လည်း။ “မဖြစ်ကုန်လတ္တံ့” ဟူ၍လည်း။ “ရုပ်ရှိသည်တို့။ ရုပ်မရှိသည်တို့။ သညာရှိသည်တို့။ သညာမရှိသည်တို့။ သညာရှိသည်လည်း မဟုတ် သညာ မရှိသည်လည်းမဟုတ်သည်တို့ ဖြစ်ကုန်လတ္တံ့”ဟူ၍လည်း မဖြစ်တော့ချေဟု (ဟောတော်မူ၏)။
ပဉ္စသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyanaponika Thera (1967)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Anton P. Baron (2010)
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2017)
Magyar
- Bartha Rita (2009)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন ভিক্ষু, আদিকল্যাণ ভিক্ষু, সীবক ভিক্ষু, রাহুল ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—သမနုပဿနာသုတ်
အကြောင်းအရာများ [၁]
English