ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Nyanaponika Thera (1967)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Anton P. Baron (2010)
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2014)
Nederlands
- Peter van Loosbroek
Norsk
- Kåre A. Lie (2017)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন ভিক্ষু, আদিকল্যাণ ভিক্ষু, সীবক ভিক্ষু, রাহুল ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဥပယသုတ်
၅၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ကပ်ရောက်သော သူသည် မလွတ်မြောက်၊ မကပ်ရောက်သောသူသည် လွတ်မြောက်၏။ ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် ရုပ်သို့ ကပ်ရောက်၍ မူလည်း တည်ရာ၏၊ ရုပ်လျှင် အာရုံရှိသော ရုပ်လျှင် တည်ရာရှိသော ဝိညာဏ်သည် နှစ်သက်မှု ‘တဏှာ’ ဖြင့် သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာ၏။ ဝေဒနာသို့ ကပ်ရောက်၍ မူလည်း။ပ။ သညာသို့ ကပ်ရောက်၍ မူလည်း။ပ။ ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် သင်္ခါရသို့ ကပ်ရောက်၍ မူလည်းတည်ရာ၏၊ သင်္ခါရလျှင် အာရုံရှိသော သင်္ခါရလျှင် တည်ရာရှိသော ဝိညာဏ်သည် နှစ်သက်မှု ‘တဏှာ’ ဖြင့်သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာ၏။
ရဟန်းတို့ တစ်ဦးတစ်ယောက်က “ငါသည် ရုပ်ကို ဖယ်ထား၍ ဝေဒနာကို ဖယ်ထား၍ သညာကိုဖယ်ထား၍ သင်္ခါရတို့ကို ဖယ်ထား၍ ဝိညာဏ်၏ လာခြင်း သွားခြင်း သေခြင်း ဖြစ်ခြင်း ကြီးပွါးခြင်းစည်ပင်ခြင်း ပြန့်ပြောခြင်းကို ပညတ်အံ့”ဟု ဆိုရာ၏၊ ဤအကြောင်းမျိုးသည် မရှိနိုင်။
ရဟန်းတို့ ရဟန်းသည် ရုပ်ဓာတ်၌ စွဲမက်မှုကို အကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကိုပယ်ခြင်းကြောင့် အာရုံသည် ပြတ်၏၊ ဝိညာဏ်၏ တည်ရာ မဖြစ်နိုင်။ ရဟန်းတို့ ဝေဒနာဓာတ်၌ ။ ရဟန်းတို့ သညာဓာတ်၌ ။ ရဟန်းတို့ သင်္ခါရဓာတ်၌ ။ ရဟန်းတို့ ရဟန်းသည် ဝိညာဏဓာတ်၌ စွဲမက်မှုကိုအကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကို ပယ်ခြင်းကြောင့် အာရုံသည် ပြတ်၏၊ ဝိညာဏ်၏တည်ရာ မဖြစ်နိုင်။ တည်ရာ မရှိသော ထိုဝိညာဏ်သည် စည်ပင်မှု ကင်းလျက် ပြုပြင်မှု ကင်းလျက် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်ခြင်းကြောင့် တည်တံ့၏၊ တည်တံ့ခြင်းကြောင့် ရောင့်ရဲ၏၊ ရောင့်ရဲခြင်းကြောင့် မတောင့်တ၊ မတောင့်တသော သူသည်မျက်မှောက်ဘဝ၌ ပင်လျှင် ငြိမ်းအေး၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စ အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Nyanaponika Thera (1967)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Anton P. Baron (2010)
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2014)
Nederlands
- Peter van Loosbroek
Norsk
- Kåre A. Lie (2017)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন ভিক্ষু, আদিকল্যাণ ভিক্ষু, সীবক ভিক্ষু, রাহুল ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဥပယသုတ်
အကြောင်းအရာများ [၁]
English