ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyanaponika Thera (1967)
- Sabbamitta (2019)
Español
- Anton P. Baron (2011)
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2017)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন ভিক্ষু, আদিকল্যাণ ভিক্ষু, সীবক ভিক্ষু, রাহুল ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—မညမာနသုတ်
၆၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည်တပည့်တော် အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့။ပ။ ပြင်းစွာ လုံ့လပြုလျက် နိဗ္ဗာန်သို့စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏ “ဟု လျှောက်၏။ ရဟန်း ငါဟု ထင်မှတ်သော် မာရ်သည်နှောင်ဖွဲ့အပ်၏၊ ငါဟု မထင်မှတ်သော် မာရ်မှ လွတ်မြောက်၏ဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသောမြတ်စွာဘုရား သိပါ ပြီ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။
ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်း။ အသျှင်ဘုရား ရုပ်ကို ငါဟု ထင်မှတ်သော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မထင်မှတ်သော် မာရ်မှလွှတ်မြောက်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ငါဟု ထင်မှတ်သော် မာရ်သည်နှောင်ဖွဲ့အပ်၏၊ မထင်မှတ်သော် မာရ်မှ လွတ်မြောက်၏။ အသျှင်ဘုရား တပည့်တော်သည်မြတ်စွာဘုရား အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့သိပါ၏ဟု (လျှောက်၏)။
ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါဘုရား အကျဉ်းအားဖြင့် ဟောကြားအပ်သောစကား၏ အကျယ်ဖြစ်သော အနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်ကို ငါဟု ထင်မှတ်သော် မာရ်သည် နှောင်ဖွဲ့ အပ်၏၊ မထင်မှတ်သော် မာရ်မှ လွတ်မြောက်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ငါဟု ထင်မှတ်သော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မထင်မှတ်သော် မာရ်မှ လွတ်မြောက်၏။
ရဟန်း ငါ အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်။ပ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။
ဒုတိယသုတ်။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Nyanaponika Thera (1967)
- Sabbamitta (2019)
Español
- Anton P. Baron (2011)
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2017)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন ভিক্ষু, আদিকল্যাণ ভিক্ষু, সীবক ভিক্ষু, রাহুল ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—မညမာနသုတ်
အကြောင်းအရာများ [၁]
English