ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Christelle Ah-Mouck (2026)
Deutsch
- Nyanaponika Thera (1967)
- Sabbamitta (2019)
Español
- Anton P. Baron (2011)
Português
- Michael Beisert (2006)
Русский
- SV theravada.ru (2014)
Nederlands
- Peter van Loosbroek
Norsk
- Kåre A. Lie (2017)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন ভিক্ষু, আদিকল্যাণ ভিক্ষু, সীবক ভিক্ষু, রাহুল ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—နဒီသုတ်
၉၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဥပမာသော်ကား တောင်မှ အစဖြစ်၍ အောက်သို့ စီးဆင်းသောအဝေးသို့ ရောက်သော ရေစီးသန်သော မြစ်သည် ရှိရာ၏၊ ဖောင်းခါးမြက်၊ သမန်းမြက်၊ ဖြူဆံမြက်၊ ပြိတ်မြက်နှင့် သစ်ပင်တို့သည် ထိုမြစ်၏ ကမ်းပါးနှစ်ဘက်တို့၌ ပေါက်ရောက်ကြစေကာမူ ထိုမြစ်ရေအလျဉ်သို့ (ရေစုန်အလိုက် အဖျားညွတ်လျက်) တွဲရရွဲ ကျကာ တည်နေကုန်ရာ၏၊ ထိုမြစ်ရေလျဉ်ဖြင့် မျောလာသောယောကျာ်းသည် ဖောင်းခါးမြက်တို့ကို ဖမ်းကိုင်စေကာမူ ထိုမြက်တို့သည် အမြစ်မြေစိုင်နှင့် တကွ ပြုတ်ကျကုန်ရာ၏၊ ထိုယောကျာ်းသည် ထိုအကြောင်းကြောင့် အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်ရာ၏၊ သမန်းမြက်တို့ကို ဖမ်းကိုင်စေကာမူ၊ ဖြူဆံမြက်တို့ကို ဖမ်းကိုင်စေကာမူ၊ ပြိတ်မြက်တို့ကို ဖမ်းကိုင်စေကာမူ၊ သစ်ပင်တို့ကို ဖမ်းကိုင်စေကာမူ၊ ထိုသစ်ပင်တို့သည် အမြစ်မြေစိုင်နှင့် တကွ ပြုတ်ကျကုန်ရာ၏၊ ထိုယောကျာ်းသည် ထိုအကြောင်းကြောင့် အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်ရာ၏။
ရဟန်းတို့ ဤအတူ အကြားအမြင် မရှိသော, အရိယာတို့ကို မဖူးမြင်ဖူးသော, အရိယာတရား၌ မလိမ္မာသော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော,သူတော်ကောင်း တရား၌ မလိမ္မာသော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကိုအတ္တဟူ၍ ရှု၏။ ရုပ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ရုပ်ဟုလည်းကောင်း၊ ရုပ်၌ အတ္တဟုလည်းကောင်း ရှု၏။ ထို သူ၏ ထိုရုပ်သည် ပျက်စီး၏၊ ထိုသူသည် ထိုအကြောင်းကြောင့်အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ရှိသော အတ္တဟုလည်း ကောင်း၊ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း၊ ဝိညာဏ်၌ အတ္တဟုလည်းကောင်း ရှု၏။ ထိုသူ၏ ထိုဝိညာဏ်သည် ပျက်စီး၏၊ ထိုသူသည် ထိုအကြောင်းကြောင့်အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြသနည်း၊ ရုပ်သည်မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင် ဘုရား။ ထိုသို့ဖြစ်သောကြောင့်။ပ။ ဤသို့မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိ တော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Christelle Ah-Mouck (2026)
Deutsch
- Nyanaponika Thera (1967)
- Sabbamitta (2019)
Español
- Anton P. Baron (2011)
Português
- Michael Beisert (2006)
Русский
- SV theravada.ru (2014)
Nederlands
- Peter van Loosbroek
Norsk
- Kåre A. Lie (2017)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন ভিক্ষু, আদিকল্যাণ ভিক্ষু, সীবক ভিক্ষু, রাহুল ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—နဒီသုတ်
အကြောင်းအရာများ [၁]
English