ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Nyanaponika Thera (1967)
- Sabbamitta (2019)
Italiano
- Enzo Alfano (1999)
Español
- Anton P. Baron (2009)
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2017)
Magyar
- Nyitrai Gábor (2009)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন ভিক্ষু, আদিকল্যাণ ভিক্ষু, সীবক ভিক্ষু, রাহুল ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—သတ္တသုတ်
၁၆၁။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓသည် မြတ်စွာဘုရားအားအသျှင်ဘုရား “ကပ်ငြိမှု ကပ်ငြိမှု”ဟု ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့် “ကပ်ငြိမှု”ဟု ဆိုအပ်ပါသနည်းဟု လျှောက်၏။ ရာဓ ရုပ်၌ လိုချင်မှု ‘ဆန္ဒ’၊ စွဲမက်မှု ‘ရာဂ’၊ နှစ်သက်မှု ‘နန္ဒီ’၊ တပ်မက်မှု’တဏှာ’ကို ထိုရုပ်၌ ကပ်ငြိတတ် အလွန်ကပ်ငြိသောကြောင့် “ကပ်ငြိမှု”ဟု ဆိုအပ်၏။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ လိုချင်မှု ‘ဆန္ဒ’၊ စွဲမက်မှု’ရာဂ’၊ နှစ်သက်မှု ‘နန္ဒီ’၊ တပ်မက်မှု’တဏှာ’ကိုထို ဝိညာဏ်၌ ကပ်ငြိတတ် အလွန်ကပ်ငြိသောကြောင့် “ကပ်ငြိမှု”ဟု ဆိုအပ်၏။
ရာဓ ဥပမာသော်ကား သူငယ်တို့သည်လည်းကောင်း၊ သူငယ်မတို့သည်လည်းကောင်း မြေမှုန့်အိမ်ငယ်တို့ဖြင့် ကစားကုန်၏၊ ထိုမြေမှုန့်အိမ်ငယ်တို့၌ စွဲမက်မှု ကင်းခြင်း လိုချင်မှု ကင်းခြင်းခင်တွယ်မှု ကင်းခြင်း မွတ်သိပ်မှု ကင်းခြင်း ပူလောင်မှု ကင်းခြင်း တပ်မက်မှု ကင်းခြင်းမဖြစ်ကြသေးသမျှ ထိုမြေ မှုန့်အိမ်ငယ်တို့ကို တွယ်တာကုန်၏၊ ကစားကုန်၏၊ လိုလားကုန်၏၊ မြတ်နိုးကုန်၏။ ရာဓ သူငယ်တို့သည်လည်းကောင်း၊ သူငယ်မတို့သည်လည်းကောင်းထိုမြေမှုန့်အိမ်ငယ်တို့၌ စွဲမက်မှု ကင်းခြင်း လိုချင်မှု ကင်း ခြင်း ခင်တွယ်မှု ကင်းခြင်း မွတ်သိပ်မှုကင်းခြင်း ပူလောင်မှု ကင်းခြင်း တပ်မက်မှု ကင်းခြင်း ဖြစ်လာကြ သော အခါ ထိုမြေမှုန့်အိမ်ငယ်တို့ကိုလက်တို့ဖြင့်လည်းကောင်း၊ ခြေတို့ဖြင့်လည်းကောင်း ကြဲဖြန့်ကုန်၏။ လွှင့်ပစ်ကုန်၏၊ ဖျက်ဆီးကုန်၏၊ ကစားမှု ပြီးဆုံးသည်ကို ပြုကုန်၏။
ရာဓ ဤအတူ သင်တို့လည်း ရုပ်ကို ကြဲဖြန့်ကုန်လော့၊ လွှင့်ပစ်ကုန်လော့၊ ဖျက်ဆီးကုန်လော့၊ ကစားမှု ပြီးဆုံးသည်ကို ပြုကုန်လော့၊ တဏှာကုန်အောင် ကျင့်ကုန်လော့။ ဝေဒနာကို ကြဲဖြန့်ကုန်လော့၊ လွှင့်ပစ်ကုန်လော့၊ ဖျက်ဆီးကုန်လော့၊ ကစားမှု ပြီးဆုံးသည်ကို ပြုကုန်လော့၊ တဏှာကုန်အောင် ကျင့်ကုန်လော့။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ကြဲဖြန့်ကုန်လော့၊ လွှင့်ပစ်ကုန်လော့၊ ဖျက်ဆီးကုန်လော့၊ ကစားမှု ပြီးဆုံးသည်ကို ပြုကုန်လော့၊ တဏှာကုန်အောင် ကျင့်ကုန်လော့။ ရာဓ မှန်၏၊ တဏှာကုန်ခြင်းသည် နိဗ္ဗာန် မည်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Nyanaponika Thera (1967)
- Sabbamitta (2019)
Italiano
- Enzo Alfano (1999)
Español
- Anton P. Baron (2009)
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2017)
Magyar
- Nyitrai Gábor (2009)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, সুমন ভিক্ষু, আদিকল্যাণ ভিক্ষু, সীবক ভিক্ষু, রাহুল ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—သတ္တသုတ်
အကြောင်းအရာများ [၁]
English