ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ—ဗန္ဓနသုတ်
၁၂၁။ ထိုအခါ၌ ပသေနဒီကောသလမင်းကြီးသည် လူများအပေါင်းကို နှောင်ဖွဲ့ထားအပ်၏၊ အချို့ သော သူတို့ကို ကြိုးတို့ဖြင့် , အချို့သော သူတို့ကို လက်ထိပ်တို့ဖြင့် , အချို့သော သူတို့ကို သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့ထားအပ်ကုန်၏။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် နံနက်အချိန်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံ လှည့်လည်ပြီး၍ ဆွမ်းစားပြီးသည့်နောက် ဆွမ်းခံရာမှ ဖဲခဲ့ကုန်သည်ရှိသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ် ကုန်၍် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ကြကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏— “အသျှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် လူများအပေါင်းကို နှောင်ဖွဲ့ထားအပ်၏၊ အချို့သော သူတို့ကို ကြိုးတို့ဖြင့် , အချို့သော သူတို့ကို လက်ထိပ်တို့ဖြင့် , အချို့သော သူတို့ကို သံခြေ ကျဉ်းတို့ဖြင့် နှောင်ဖွဲ့ထားအပ်ပါကုန်၏”ဟု (လျှောက်ကုန်၏)။
မြတ်စွာဘုရားသည် ထိုအကြောင်းကို သိ၍ ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏—
“သံဖြင့် ပြုအပ်သော အနှောင်အဖွဲ့ကိုလည်းကောင်း၊ သစ်သားဖြင့် ပြုအပ်သော အနှောင်အဖွဲ့ကိုလည်းကောင်း၊ လျှော်ဖြင့် ပြုအပ်သော အနှောင်အဖွဲ့ကိုလည်းကောင်း ခိုင်မြဲသော အနှောင်အဖွဲ့ဟူ၍ ပညာရှိတို့ မဆိုကုန်။ ကျောက်မျက်ရတနာ နား တောင်းတို့၌လည်းကောင်း၊ သားသမီးတို့၌လည်းကောင်း၊ မယားတို့၌လည်းကောင်း အလွန်အမင်း တပ်နှစ်သက်သည်ဖြစ်၍ အကြင်ငဲ့ကွက်ခြင်းသည် ရှိ၏။
အပါယ်သို့ ဆောင်တတ်သော လျော့သော အဖြေခက်သော ထိုငဲ့ကွက်ခြင်း အနှောင်အဖွဲ့ကို မြဲသော အနှောင်အဖွဲ့ဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ (ပညာရှိတို့ သည်) ထိုအနှောင်အဖွဲ့ကိုလည်း ဖြတ်ကုန်၍ ကာမဂုဏ်ချမ်းသာကို ပယ်လျက် ငဲ့ကွက်ခြင်း မရှိကုန်ဘဲ ထွက်မြောက်ကုန်၏”ဟု (ရွတ်ဆိုတော်မူ၏)။
ပဌမဝဂ်ပြီး၏။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ—ဗန္ဓနသုတ်
အကြောင်းအရာများ [၂]
English
Русский