ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အပ္ပမာဒသုတ်
၁၂၈။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိပါသလော”ဟု ဤစကားကို လျှောက်၏၊ မင်းကြီး မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသော အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိသည်သာလျှင် တည်းဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် အဘယ်ပါနည်းဟု (ဤသို့ လျှောက်၏)၊ မင်းကြီး မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားဟူသည် မမေ့လျော့မှု “အပ္ပမာဒတရား” ပင်တည်း။
မင်းကြီး ဥပမာသော်ကား ကုန်းသတ္တဝါတို့၏ ခြေရာဟူသမျှ အားလုံးတို့သည် ဆင်ခြေရာ၌ ပေါင်းစုခြင်းသို့ ရောက်ကုန်၏၊ ဆင်ခြေရာကို ကြီးသည်၏အဖြစ်ကြောင့် ထိုကုန်းသတ္တဝါတို့၏ ခြေရာတို့ထက် လွန်ကဲ၏ဟူ၍ ပြောကြားအပ်သကဲ့သို့ မင်းကြီး ဤအတူသာလျှင် မျက်မှောက်ဘဝ၌ ခံစား ရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားဟူသည် မမေ့မလျော့မှု “အပ္ပမာဒတရား”ပင်တည်းဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။
အသက်ရှည်ခြင်းကိုလည်းကောင်း၊ ရောဂါ မရှိခြင်းကိုလည်းကောင်း၊ အဆင်းလှခြင်းကိုလည်းကောင်း၊ နတ်ပြည်ကိုလည်းကောင်း၊ အမျိုးမြတ်ခြင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းတို့ကိုလည်းကောင်း အဆင့်ဆင့် အမြတ်တို့ကို တောင့်တသောသူသည် (မမေ့မလျော့ ပြုအပ်၏)။
ပညာရှိတို့သည် ကုသိုလ်ပြုရာ ပုညကိရိယာဝတ္ထုတို့၌ မမေ့မလျော့ခြင်းကို ချီးမွမ်းကုန်၏၊ မမေ့မလျော့သော ပညာရှိသည် အကျိုးနှစ်ပါးတို့ကို သိမ်းယူနိုင်၏၊ မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး, တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးကို ရခြင်းကြောင့် ပညာရှိသော သူကို “ပဏ္ဍိတ”ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အပ္ပမာဒသုတ်
အကြောင်းအရာများ [၂]
English
Русский