ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Christelle Ah-Mouck (2026)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အယျိကာသုတ်
၁၃၃။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ပသေနဒီကောသလမင်းအား မြတ်စွာဘုရားသည် “မင်းကြီး သင်သည် ယခု နေမွန်းတည့်အခါ၌ အဘယ်အရပ်က လာခဲ့သနည်း”ဟု မိန့်တော်မူ၏။
အသျှင်ဘုရား အိုသော ကြီးသော ရင့်သော ရှေးမှီသော အဆုံးအရွယ်သို့ ရောက်သော အသက် တစ်ရာ့နှစ်ဆယ်ရှိသော အကျွန်ုပ်၏ အဖွားသည် သေပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် အဖွားကို ချစ်ခင် မြတ်နိုးပါ၏၊ အသျှင်ဘုရား “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု ဆင်ရတနာကို ပေး၍ လဲလှယ် ရနိုင်ပါမူ “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု ဆင်ရတနာကိုလည်း ပေးပါအံ့၊ အသျှင်ဘုရား “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု မြင်းရတနာကို ပေး၍ လဲလှယ်ရနိုင်ပါမူ “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု မြင်းရတနာကိုလည်း ပေးပါအံ့၊ အသျှင်ဘုရား “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု ရွာမြတ်ကို ပေး၍ လဲလှယ်ရနိုင်ပါမူ “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု ရွာမြတ်ကိုလည်း ပေးပါအံ့၊ အသျှင်ဘုရား “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု ဇနပုဒ်နယ်ပယ် ကို ပေး၍ လဲလှယ်ရနိုင်ပါမူ “အကျွန်ုပ်၏ အဖွားသည် မသေပါစေလင့်”ဟု ဇနပုဒ်နယ်ပယ်ကိုလည်း ပေးပါအံ့ဟု လျှောက်၏။
မင်းကြီး အလုံးစုံသော သတ္တဝါတို့သည် သေခြင်းသဘောရှိကုန်၏၊ သေခြင်းလျှင် အဆုံးရှိကုန်၏၊ သေခြင်းကို မလွန်နိုင်ကုန်ဟု မိန့်တော်မူ၏။ အသျှင်ဘုရား အံ့ဖွယ်ရှိပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ် ပါ၏၊ အသျှင်ဘုရား “အလုံးစုံကုန်သော သတ္တဝါတို့သည် သေခြင်းသဘောရှိကုန်၏၊ သေခြင်းလျှင် အဆုံး ရှိကုန်၏၊ သေခြင်းကို မလွန်နိုင်ကုန်”ဟု မြတ်စွာဘုရား မိန့်တော်မူသော ဤစကားသည် အလွန်လျှင် ကောင်းစွာ ဆိုအပ်သော စကားဖြစ်ပါသည်ဟု လျှောက်၏။
မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ အလုံးစုံ ကုန်သော သတ္တဝါတို့သည် သေခြင်းသဘောရှိကုန်၏၊ သေခြင်းလျှင် အဆုံးရှိကုန်၏၊ သေခြင်းကို မလွန် နိုင်ကုန်၊ မင်းကြီး မဖုတ်ရသေး အစိမ်းသက်သက်လည်းဖြစ်ကုန်သော ဖုတ်ပြီး အကျက်လည်းဖြစ်ကုန်သော အိုးထိန်းသည်တို့၏ အိုးခွက်ဟူသမျှ အားလုံးတို့သည် ကွဲခြင်းသဘောရှိကုန်သကဲ့သို့ ကွဲခြင်းလျှင် အဆုံး ရှိသကဲ့သို့ ကွဲခြင်းကို မလွန်နိုင်ကုန်သကဲ့သို့ မင်းကြီး ဤဥပမာအတူပင်လျှင် သတ္တဝါအားလုံးတို့သည် သေခြင်းသဘောရှိကုန်၏၊ သေခြင်းလျှင် အဆုံးရှိကုန်၏၊ သေခြင်းကို မလွန်ဆန်နိုင်ကုန်ဟု မြတ်စွာဘုရား သည် ဤစကားကို မိန့်တော်မူလေ၏။ပ။
သတ္တဝါအားလုံးတို့သည် သေကုန်လတ္တံ့။ ထိုစကား မှန်၏၊ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးရှိ၏၊ သတ္တဝါအားလုံးတို့သည် ကောင်းကျိုး မကောင်းကျိုးကို ရကုန်၍ မိမိတို့ ကံအားလျော်စွာ လားရကုန်လတ္တံ့၊ မကောင်းမှုကို ပြုသော သူတို့ သည် ငရဲသို့ လားကုန်လတ္တံ့၊ ကောင်းမှုကို ပြုသော သူတို့သည် နတ်ပြည်သို့ လားကုန်လတ္တံ့။
ထို့ကြောင့် တမလွန်အကျိုးကို ဆည်းပူးသော သူသည် ကုသိုလ်ကောင်းမှုကို ပြု ရာ၏၊ ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Christelle Ah-Mouck (2026)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အယျိကာသုတ်
အကြောင်းအရာများ [၂]
English
Русский