ဘာသာပြန်ချက်များ [၂၁]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အပ္ပကသုတ်
၁၁၇။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—အသျှင်ဘုရား ဤအရပ်၌ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်တည်း နေသော အကျွန်ုပ်အား ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်ပါ၏ — “အကြင်သတ္တဝါတို့သည် မြတ်ကုန် များကုန်သော စည်းစိမ်ဥစ္စာတို့ကို ရကုန်၍ ယစ်လည်း မယစ်ကုန်၊ မေ့လည်း မမေ့လျော့ကုန်၊ ကာမဂုဏ် ၌ တပ်မက်ခြင်းသို့လည်း မရောက်ကုန်၊ သတ္တဝါတို့၌ ဖေါက်ပြန်၍လည်း မကျင့်ကုန်၊ ထိုသတ္တဝါတို့သည် လောက၌ နည်းကုန်၏။ စင်စစ်သော်ကား မြတ်ကုန်များကုန်သော စည်းစိမ်ဥစ္စာတို့ကို ရကုန်၍ ယစ်လည်း ယစ်ကုန်၏၊ မေ့လည်း မေ့လျော့ကုန်၏၊ ကာမဂုဏ်၌ တပ်မက်ခြင်းသို့လည်း ရောက်ကုန်၏၊ သတ္တဝါတို့၌ ဖေါက်ပြန်၍လည်း ကျင့်ကုန်၏၊ ထိုသတ္တဝါတို့သည်သာလျှင် လောက၌ အလွန်များကုန်၏”ဟု ဤသို့သော အကြံ ဖြစ်ပေါ်ပါ၏ဟု (လျှောက်၏)။
မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး အကြင်သတ္တဝါတို့သည် မြတ်ကုန်များကုန်သော စည်းစိမ်ဥစ္စာတို့ကို ရကုန်၍ ယစ်လည်း မယစ်ကုန်၊ မေ့လည်း မမေ့လျော့ကုန်၊ ကာမဂုဏ်၌ တပ်မက်ခြင်းသို့လည်း မရောက်ကုန်၊ သတ္တဝါတို့၌ ဖေါက်ပြန်၍လည်း မကျင့်ကုန်၊ ထိုသတ္တဝါတို့သည် လောက၌ နည်းကုန်၏။ စင်စစ်သော်ကား မြတ်ကုန်များကုန်သော စည်းစိမ် ဥစ္စာတို့ကို ရကုန်၍ ယစ်လည်း ယစ်ကုန်၏၊ မေ့လည်း မေ့လျော့ကုန်၏၊ ကာမဂုဏ်၌ တပ်မက်ခြင်းသို့လည်း ရောက်ကုန်၏၊ သတ္တဝါတို့၌ ဖေါက်ပြန်၍လည်း ကျင့်ကုန်၏၊ ဤသတ္တဝါတို့သည်သာလျှင် လောက ၌ အလွန်များကုန်၏ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။
အကြင်သူတို့သည် ကာမဂုဏ်စည်းစိမ်တို့၌ အလွန်တပ်မက်ကုန်သည် ကာမဂုဏ်တို့၌ မက်မောကုန်သည် တွေဝေမိန်းမောကုန်သည် ဖြစ်၍ ‘သားသမင်တို့သည် ထောင်ထားသော ထောင်ချောက်ကျော့ကွင်းကို မသိကုန်သကဲ့သို့’ မိမိ လွန်ကျူးမှုကို မသိကုန်၊ ထိုသူတို့အား နောင်အခါ၌ ခါးစပ်သော အကျိုးဖြစ်၏။ မှန်၏၊ ထိုသူတို့အား ယုတ်ညံ့သော အကျိုးသာ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဘာသာပြန်ချက်များ [၂၁]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အပ္ပကသုတ်
အကြောင်းအရာများ [၂]
English
Русский