ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အဍ္ဍ္ပကရဏသုတ်
၁၁၈။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဘုရား တရားဆုံးဖြတ်ရာ ဤအရပ်၌ နေသော အကျွန်ုပ် သည် ကြွယ်ဝကုန်သော များသောဥစ္စာရှိကုန်သော များသောစည်းစိမ်ရှိကုန်သော များသောရွှေငွေရှိကုန် သော များသောအသုံးအဆောင် အဆောက်အဦရှိကုန်သော များသောဥစ္စာစပါးရှိကုန်သော ကာမဟူသော အကြောင်းရင်းကြောင့် ကာမဟူသော အထောက်အပံ့ကြောင့် ကာမဟူသော အကြောင်းခံကြောင့် သိလျက် မမှန်သော စကားကို ဆိုကုန်သော ခတ္တိယမဟာသာလ မင်းမျိုးတို့ကိုလည်းကောင်း၊ ဗြာဟ္မဏမဟာသာလ ပုဏ္ဏားမျိုးတို့ကိုလည်းကောင်း၊ ဂဟပတိမဟာသာလ သူကြွယ်မျိုးတို့ကိုလည်းကောင်း တွေ့မြင်ရပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်အား ‘ငါသည် ယခုအခါ၌ တရားဆုံးဖြတ်သဖြင့် အကျိုးမရှိ၊ ကောင်းသော မျက်နှာရှိသော ဝိဋဋူပသည် ယခုအခါ၌ တရားဆုံးဖြတ်ခြင်းဖြင့် ထင်ရှားလတ္တံ ့‘ဟု အကြံ ဖြစ်ပါသည်”ဟု လျှောက်၏။
မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏။ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ကြွယ်ဝကုန်သော များသောဥစ္စာရှိကုန်သော များသောစည်းစိမ်ရှိကုန်သော များသောရွှေငွေရှိကုန်သော များ သောအသုံးအဆောင် အဆောက်အဦရှိကုန်သော များသောဥစ္စာစပါးရှိကုန်သော အကြင်ခတ္တိယမဟာသာလ မင်းမျိုးတို့သည်လည်းကောင်း၊ အကြင်ဗြာဟ္မဏမဟာသာလ ပုဏ္ဏားမျိုးတို့သည်လည်းကောင်း၊ အကြင် ဂဟပတိမဟာသာလ သူကြွယ်မျိုးတို့သည်လည်းကောင်း ကာမဂုဏ်ဟူသော အကြောင်းရင်းကြောင့် ကာမ ဂုဏ်ဟူသော အထောက်အပံ့ကြောင့် ကာမဂုဏ်ဟူသော အကြောင်းခံကြောင့် သိလျက် ချွတ်ယွင်းသော စကားကို ဆိုကုန်၏၊ ထိုသူတို့အား ထိုမမှန်သော စကားသည် ရှည်စွာသော ညဉ့်တို့ပတ်လုံး အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်လတ္တံ့၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။
အကြင်သူတို့သည် ကာမဂုဏ်စည်းစိမ်တို့၌ အလွန်တပ်မက်ကုန်သည် ကာမဂုဏ်တို့၌ မက်မောကုန်သည် တွေဝေမိန်းမောကုန်သည်ဖြစ်၍ ‘ငါးတို့သည် ထောင်ထား သော မြှုံးကို မသိကုန်သကဲ့သို့’ မိမိလွန်ကျူးမှုကို မသိကုန်၊ ထိုသူတို့အား ခါးစပ် သော အကျိုးဖြစ်၏။ မှန်၏၊ ထိုသူတို့အား ယုတ်ညံ့သော အကျိုးသာ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အဍ္ဍ္ပကရဏသုတ်
အကြောင်းအရာများ [၂]
English
Русский