ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ယညသုတ်
၁၂ဝ။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ပသေနဒီကောသလမင်းကြီးသည် ကြီးစွာသော ယဇ်ပူဇော်ပသခြင်းကို ရှေးရှုစီရင်အပ်၏။ ဥသဘ ငါးရာတို့ကိုလည်းကောင်း၊ နွားထီးငယ် ငါးရာတို့ကိုလည်းကောင်း၊ နွားမငယ် ငါးရာတို့ကိုလည်းကောင်း၊ ဆိတ်ငါးရာတို့ကိုလည်းကောင်း၊ သိုးငါးရာတို့ကိုလည်းကောင်း ယဇ် (ပူဇော်ပသခြင်း) အလို့ငှါ ယဇ်တိုင်၌ ဖွဲ့ချည်ဆောင်ထားအပ်ကုန်၏။ ထိုမင်း၏ ကျွန်ယောကျာ်း ကျွန်မိန်းမ အစေအပါး အလုပ်သမားတို့သည်လည်း ဒဏ်ဖြင့် ခြိမ်းခြောက်အပ်ကုန်သည် ဘေးဖြင့် ခြိမ်းခြောက်အပ် ကုန်သည် ဖြစ်၍ မျက်ရည်ဖြင့် ပြည့်သော မျက်နှာရှိကုန်လျက် ငိုကြွေးကြကာ ယဇ်အမှုတို့ကို ပြုကုန်၏။
ထိုအခါ များစွာကုန်သော ရဟန်းတို့သည် နံနက်အချိန်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကြကုန်၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းခံပြီး သည့် နောက်၌ ဆွမ်းခံရွာမှ ဖဲခဲ့ကုန်ပြီးသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်ပြီးသော် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကြကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏ —့ “အသျှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် ကြီးစွာသော ယဇ်ပူဇော်ပသခြင်းကို ရှေးရှုစီရင်အပ်ပါ၏။ ဥသဘ ငါးရာတို့ကိုလည်းကောင်း၊ နွားထီးငယ် ငါးရာတို့ကိုလည်းကောင်း၊ နွားမငယ် ငါးရာတို့ကိုလည်းကောင်း၊ ဆိတ်ငါးရာတို့ကိုလည်းကောင်း၊ သိုးငါးရာတို့ကိုလည်းကောင်း ယဇ် (ပူဇော်ပသခြင်း) အလို့ငှါ ယဇ် တိုင်၌ ဖွဲ့ချည်ဆောင်ထားအပ်ပါကုန်၏။ ထိုမင်း၏ ကျွန်ယောကျာ်း ကျွန်မိန်းမ အစေအပါး အလုပ်သမားတို့သည် ဒဏ်ဖြင့် ခြိမ်းခြောက်အပ်ကုန်သည် ဘေးဖြင့် ခြိမ်းခြောက်အပ်ကုန်သည် ဖြစ်၍ မျက်ရည်ဖြင့် ပြည့်သော မျက်နှာရှိကုန်လျက် ငိုကြွေးကြကာ ယဇ်အမှုတို့ကို ပြုပါကုန်၏”ဟု (လျှောက်ကြကုန်၏)၊ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏—
“အဿမေဓယဇ်၊ ပုရိသမေဓယဇ်၊ သမ္မာပါသယဇ်၊ ဝါဇပေယျ ယဇ်၊ နိရဂ္ဂ လယဇ် ဟူသော များ သော ပြုဖွယ်ရှိကုန်သော ထိုယဇ်ကြီးတို့သည် အကျိုး မကြီးကုန်။
ထိုယဇ်ကြီးတို့၌ အထူးထူးအပြားပြားသော ဆိတ်နှင့် သိုးတို့ကိုလည်းကောင်း၊ နွားတို့ကိုလည်းကောင်း သတ်ရကုန်၏။ ညီညွတ်ခြင်းသို့ ရောက်ကုန်သော အမြတ် (သီလစသည့် ဂုဏ်အထူး) ကို ရှာမှီးလေ့ရှိကုန်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့သည် ထို ယဇ်သို့ မချဉ်းကပ်ကုန်။
အကြင်ယဇ်တို့သည်ကား (သူတစ်ပါးတို့ကို) သတ်ဖြတ်ညှဉ်းဆဲမှု မရှိကုန်၊ အခါ ခပ်သိမ်း မျိုးရိုးစဉ်ဆက် အလှူကို ပူဇော်ကုန်၏၊ ဤသို့ အထူးထူးအပြားပြားသော ဆိတ်နှင့် သိုးတို့ကိုလည်းကောင်း၊ နွားတို့ကိုလည်းကောင်း မသတ်ဖြတ်ရကုန်။ ညီညွတ်ခြင်းသို့ ရောက်ကုန်သော အမြတ် (သီလစသည့် ဂုဏ်အထူး) ကို ရှာမှီးလေ့ ရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း ထိုယဇ်သို့ ချဉ်းကပ်ကုန်၏။
ပညာရှိပုဂ္ဂိုလ်သည် ထိုယဇ်ကို ပူဇော်ရာ၏၊ ထိုယဇ်သည် ကြီးမြတ်သော အကျိုး ရှိ၏၊ ထိုယဇ်ကို ပူဇော်သူအား မြင့်မြတ်သည်သာ ဖြစ်၏၊ ယုတ်ညံ့မှု မဖြစ်၊ ယဇ် သည်လည်း ပြန့်ပြော၏၊ နတ်တို့သည်လည်း ကြည်ညိုကုန်၏”ဟု (မိန့်တော်မူ၏)။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ယညသုတ်
အကြောင်းအရာများ [၂]
English
Русский