ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Isidatta
Português
- Michael Beisert (2013)
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2018)
বাংলা
- জ্ঞানেন্দ্রিয় ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ယောဂက္ခေမိသုတ်
၁ဝ၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ယောဂကို ကုန်စေသော သူ၏ အကြောင်းဖြစ်သော တရားကိုသင်တို့အား ဟောပြအံ့၊ ထိုတရားကို နာကြကုန်လော့။
ရဟန်းတို့ ယောဂကို ကုန်စေနိုင်သူ၏ အကြောင်းဖြစ်သော တရားဟူသည် အဘယ်နည်း။ ရဟန်းတို့အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့်စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ကုန်ပြီ၊ နောင်တစ်ဖန် မဖြစ်အောင် ပြုအပ်ကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်၊ ထိုအဆင်းတို့ကို ပယ်ခြင်းငှါ အားထုတ်မှုကို ဟောကြားတော်မူ၏၊ ထို့ကြောင့်”မြတ်စွာ ဘုရားကို ယောဂကုန်ပြီးသူ”ဟု ဆိုအပ်၏။ပ။
ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကိုအကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ကုန်ပြီ၊ နောင်တစ်ဖန် မဖြစ်အောင်ပြုအပ်ကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်၊ ထိုသဘောတရားတို့ကို ပယ်ခြင်းငှါ အားထုတ်မှုကိုဟောကြားတော်မူ၏၊ ထို့ကြောင့် “မြတ်စွာဘုရားကို ယောဂကုန်ပြီးသူ”ဟု ဆိုအပ်၏။ ရဟန်းတို့ ဤသည် လျှင် ယောဂကို ကုန်စေနိုင်သူ၏ အကြောင်းဖြစ်သော တရားတည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Isidatta
Português
- Michael Beisert (2013)
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2018)
বাংলা
- জ্ঞানেন্দ্রিয় ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ယောဂက္ခေမိသုတ်
အကြောင်းအရာများ [၁]
English