လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၆]

—အဇ္ဈတ္တအနိစ္စဆန္ဒသုတ်

၁၆၈။ ရဟန်းတို့ အကြင်တရားသည် မမြဲ၊ ထိုမမြဲသော တရား၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကိုပယ်ရမည်။ ရဟန်းတို့ အဘယ်တရားသည် မမြဲသနည်း။

ရဟန်းတို့ မျက်စိသည် မမြဲ၊ ထိုမမြဲသော မျက်စိ၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ပ။ လျှာသည် မမြဲ၊ ထိုမမြဲသော လျှာ၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ပ။ စိတ်သည် မမြဲ၊ ထိုမမြဲသော စိတ်၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။

ရဟန်းတို့ အကြင်တရားသည် မမြဲ၊ ထိုမမြဲသော တရား၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။

အကြောင်းအရာများ [၁]