ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Anton P. Baron (2010)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- জ্ঞানেন্দ্রিয় ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
— ဒုတိယ အဿာဒပရိယေသနသုတ်
၁၆။ ရဟန်းတို့ ငါသည် အဆင်းတို့၏ သာယာဖွယ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ အဆင်းတို့၏သာယာဖွယ်ကို သိခဲ့ပြီ၊ အဆင်းတို့၏ သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် အဆင်းတို့၏ အပြစ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ အဆင်းတို့၏ အပြစ်ကို သိခဲ့ပြီ၊ အဆင်း တို့၏ အပြစ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် အဆင်းတို့၏ထွက် မြောက်ရာကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ အဆင်းတို့၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ အဆင်းတို့၏ထွက် မြောက်ရာရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် အသံတို့၏။
အနံ့တို့၏။ အရသာတို့၏။ အတွေ့အထိတို့၏။ ရဟန်းတို့ ငါသည် သဘောတရားတို့၏ သာယာဖွယ်ကိုရှာမှီးလျက် လှည့်လည်ဖူးပြီ၊ သဘောတရားတို့၏ သာယာဖွယ်ကို သိခဲ့ပြီ၊ သဘောတရားတို့၏သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် သဘောတရားတို့၏အပြစ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ သဘောတရားတို့၏ အပြစ်ကို သိခဲ့ပြီ၊ သဘောတရားတို့၏အပြစ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် သဘောတရားတို့၏ထွက်မြောက်ရာကို ရှာမှီးလျက် လှည့် လည်ဖူးပြီ၊ သဘောတရားတို့၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ သဘောတရားတို့၏ ထွက်မြောက်ရာရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။
ရဟန်းတို့ ငါသည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ ‘ဗာဟိရာယတန’တို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက်မြောက် ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး။ပ။ သိပြီးသောအခါ၌ သာလျှင်။ပ။ ဝန်ခံ၏။ ငါ့အား ဉာဏ်အမြင်သည်လည်း ဖြစ်ပေါ်ခဲ့ပြီ၊ (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည်လည်း မပျက်စီးနိုင်၊ ဤဘဝကား နောက်ဆုံးဖြစ်သောဘဝတည်း၊ ယခုအခါ နောက်ထပ် ပဋိသန္ဓေနေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။
ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Anton P. Baron (2010)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- জ্ঞানেন্দ্রিয় ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
— ဒုတိယ အဿာဒပရိယေသနသုတ်
အကြောင်းအရာများ [၀]