ဘာသာပြန်ချက်များ [၃၁]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Anton P. Baron (2008)
Português
- Michael Beisert (2004)
Русский
- o Dhamma.gift (2026)
- SV theravada.ru (2013)
Nederlands
- Bhikkhu Kuala Lumpur Dhammajoti (2008)
- Peter van Loosbroek
Norsk
- Kåre A. Lie (2018)
Magyar
- Tenigl-Takács László (2009)
Svenska
- Kerstin Jönhagen
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Polski
- Piotr Jagodziński (2024)
Türkçe
- Cem Şen (2024)
Lietuvių Kalba
- Sayalay Piyadassi (2022)
עִבְרִית
- Shai Schwartz (2004)
தமிழ்
- Ben Arasu
বাংলা
- জ্ঞানেন্দ্রিয় ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အာဒိတ္တသုတ်
၂၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂယာရွာ၏ အနီး ဂယာသီသအရပ်၌ တစ်ထောင်သောရဟန်းသံဃာနှင့် အတူ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ အလုံးစုံသည် ပြောင်ပြောင်တောက်လောင်၏။ ရဟန်းတို့ အဘယ်မည်သောအလုံးစုံသည် ပြောင်ပြောင်တောက်လောင်သနည်း။
မျက်စိသည် ပြောင်ပြောင်တောက်လောင်၏၊ အဆင်းတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ စက္ခုဝိညာဏ်သည် ပြောင်ပြောင်တောက်လောင်၏၊ စက္ခုသမ္ဖဿသည် ပြောင်ပြောင်တောက်လောင်၏၊ စက္ခု သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်းပြောင် ပြောင်တောက်လောင်၏။ အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း။ စွဲမက်မှု ‘ရာဂ’ မီးဖြင့်,အမျက် ထွက်မှု ‘ဒေါသ’ မီးဖြင့်, တွေဝေမှု ‘မောဟ’ မီးဖြင့် ပြောင်ပြောင်တောက်လောင်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ စိုးရိမ်မှု ‘သောက’ ငိုကြွေးမှု’ပရိဒေဝ’ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’ တို့ဖြင့်ပြောင်ပြောင်တောက်လောင်၏ဟု ငါ ဆို၏။ပ။
လျှာသည် ပြောင်ပြောင်တောက်လောင်၏၊ အရသာတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ ဇိဝှါ့ဝိညာဏ်သည် ပြောင်ပြောင်တောက်လောင်၏၊ ဇိဝှါသမ္ဖဿသည် ပြောင်ပြောင်တောက်လောင်၏၊ ဇိဝှါသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်းပြောင်ပြောင် တောက်လောင်၏။ အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း။ စွဲမက်မှု ‘ရာဂ’ မီးဖြင့်,အမျက်ထွက်မှု ‘ဒေါသ’ မီးဖြင့်, တွေဝေမှု ‘မောဟ’ မီးဖြင့် ပြောင်ပြောင်တောက်လောင်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ အိုမှု ‘ဇရာ’ သေမှု’မရဏ’ စိုးရိမ်မှု’သောက’ ငိုကြွေးမှု’ပရိဒေဝ’ကိုယ်ဆင်းရဲမှု’ဒုက္ခ’ စိတ်ဆင်းရဲမှု’ဒေါမနဿ’ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’ တို့ဖြင့်ပြောင်ပြောင်တောက်လောင်၏ဟု ငါ ဆို၏။ပ။
စိတ်သည် ပြောင်ပြောင်တောက်လောင်၏၊ သဘောတရားတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ မနောဝိညာဏ်သည် ပြောင်ပြောင်တောက်လောင်၏၊ မနောသမ္ဖဿသည် ပြောင်ပြောင်တောက်လောင်၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်းပြောင်ပြောင်တောက်လောင်၏။ အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း။ စွဲမက်မှု ‘ရာဂ’ မီးဖြင့်,အမျက်ထွက်မှု ‘ဒေါသ’ မီးဖြင့်, တွေဝေမှု ‘မောဟ’ မီးဖြင့် ပြောင်ပြောင်တောက်လောင်၏၊ ပဋိသန္ဓေနေမှု’ဇာတိ’ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ စိုးရိမ်မှု ‘သောက’ ငိုကြွေးမှု ‘ပရိဒေဝ’ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’ တို့ဖြင့် ပြောင်ပြောင်တောက်လောင်၏ဟု ငါ ဆို၏။
ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်းငြီးငွေ့၏၊ (ငြီးငွေ့သည်ရှိသော်) မစွဲမက်၊ မစွဲမက်ခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ် မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (ဟောတော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားကို နှစ်လိုကုန်သည် ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ခံယူကြလေကုန်၏။ ဤစကားပြေသက်သက်ဒေသနာကို ဟောဆဲကာလမှာပင် ထိုရဟန်းတစ်ထောင်တို့၏ စိတ်တို့သည် (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခု သော အာရုံကို မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကြလေကုန်ပြီဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
ဘာသာပြန်ချက်များ [၃၁]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Anton P. Baron (2008)
Português
- Michael Beisert (2004)
Русский
- o Dhamma.gift (2026)
- SV theravada.ru (2013)
Nederlands
- Bhikkhu Kuala Lumpur Dhammajoti (2008)
- Peter van Loosbroek
Norsk
- Kåre A. Lie (2018)
Magyar
- Tenigl-Takács László (2009)
Svenska
- Kerstin Jönhagen
Čeština
- Bhikkhu Gavésakó, Štěpán Chromovský
Polski
- Piotr Jagodziński (2024)
Türkçe
- Cem Şen (2024)
Lietuvių Kalba
- Sayalay Piyadassi (2022)
עִבְרִית
- Shai Schwartz (2004)
தமிழ்
- Ben Arasu
বাংলা
- জ্ঞানেন্দ্রিয় ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အာဒိတ္တသုတ်
အကြောင်းအရာများ [၁]
English