ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Anton P. Baron
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- জ্ঞানেন্দ্রিয় ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အဝိဇ္ဇာပဟာနသုတ်
၅၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ မြတ်စွာဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်ကင်းနိုင်ပါသနည်း၊ သိမှု ‘ဝိဇ္ဇာ’ ပေါ်ပေါက်နိုင်ပါသနည်း”ဟု (လျှောက်၏)။
ရဟန်း မျက်စိကို မမြဲဟူ၍ သိသူ မြင်သူအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်ကင်းနိုင်၏၊ သိမှု’ဝိဇ္ဇာ’ပေါ်ပေါက်နိုင်၏။ အဆင်းတို့ကို မမြဲဟူ၍ သိသူ မြင်သူအား မသိမှု’အဝိဇ္ဇာ’ ပျောက်ကင်းနိုင်၏၊ သိမှု’ဝိဇ္ဇာ’ ပေါ်ပေါက်နိုင်၏။ စက္ခုဝိညာဏ်ကို။ စက္ခုသမ္ဖဿကို။ စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ် လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲဟု သိသူ မြင်သူအားမသိမှု ‘အဝိဇ္ဇာ’ ပျောက်ကင်းနိုင်၏၊ သိမှု’ဝိဇ္ဇာ’ ပေါ်ပေါက်နိုင်၏။ နားကို။ နှာခေါင်းကို။ လျှာကို။ကိုယ်ကို။ စိတ်ကို မမြဲဟူ၍ သိသူ မြင်သူ အား မသိမှု ‘အဝိဇ္ဇာ’ ပျောက်ကင်းနိုင်၏၊ သိမှု ‘ဝိဇ္ဇာ’ပေါ်ပေါက်နိုင်၏။ သဘောတရားတို့ကို။ မနော ဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲဟု သိသူ မြင်သူအားမသိမှု ‘အဝိဇ္ဇာ’ ပျောက်ကင်းနိုင်၏၊ သိမှု ‘ဝိဇ္ဇာ’ ပေါ်ပေါက် နိုင်၏။
ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်ကင်းနိုင်၏၊ သိမှု ‘ဝိဇ္ဇာ’ ပေါ်ပေါက်နိုင်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Anton P. Baron
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- জ্ঞানেন্দ্রিয় ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အဝိဇ္ဇာပဟာနသုတ်
အကြောင်းအရာများ [၀]