ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Christelle Ah-Mouck (2026)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Anton P. Baron (2011)
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- জ্ঞানেন্দ্রিয় ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဥပသေနအာသီဝိသသုတ်
၆၉။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်ဥပသေနတို့သည် ရာဇဂြိုဟ်ပြည် ယင်းတိုက် တော့သပ္ပသောဏ္ဍိကလိုဏ်ဂူ၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ အသျှင်ဥပသေန၏ကိုယ်ပေါ်၌ မြွေဆိုး (တစ်ကောင်) ကျလာ၏၊ ထိုအခါ အသျှင်ဥပသေနသည် ရဟန်းတို့ကို “ငါ့သျှင်တို့ လာကြကုန်၊ ဤကိုယ်သည် ဤနေရာ၌ ဖွဲဆုပ်ကဲ့သို့ ဖရိုဖရဲ ကျဲမသွားမီ ငါ၏ ဤကိုယ်ကို ညောင်စောင်းငယ်ပေါ်သို့ တင်ပြီးလျှင် အပြင်သို့ ထုတ်ကြပါကုန်”ဟု မိန့်ဆို၏။
ဤသို့ မိန့်ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်ဥပသေနအား ဤစကားကို မိန့်ဆို၏—“အသျှင်ဥပသေနကိုယ်၏ ဖောက်ပြန်ခြင်း ဣန္ဒြေတို့ ဖောက်ပြန်ခြင်းကို ငါတို့ မတွေ့မြင်ကြရကုန်၊ ထိုသို့ ဖြစ်ပါလျက် အသျှင်ဥပသေနသည် ‘ငါ့သျှင်တို့ လာကြကုန်၊ ဤကိုယ်သည် ဤနေရာ၌ ဖွဲဆုပ်ကဲ့သို့ဖရိုဖရဲ ကျဲမသွားမီ ငါ၏ကိုယ်ကို ညောင်စောင်းငယ်ပေါ်သို့ တင်ပြီးလျှင် အပြင်သို့ ထုတ်ကြပါကုန်”ဟု ဤသို့ ပြောဆိုနေဘိ၏။ ငါ့သျှင်သာရိပုတြာ အမှန်အားဖြင့် “ငါသည် မျက်စိဟူ၍လည်းကောင်း၊ ငါ၏မျက်စိဟူ၍လည်းကောင်း။ပ။ ငါသည် လျှာဟူ၍လည်းကောင်း၊ ငါ၏ လျှာဟူ၍လည်းကောင်း။ပ။ ငါသည်စိတ်ဟူ၍လည်းကောင်း၊ ငါ၏ စိတ်ဟူ၍လည်းကောင်း” ဤကဲ့သို့ ထင်မြင်နေသူအားသာကိုယ်ဖောက်ပြန်ခြင်း၊ ဣန္ဒြေဖောက်ပြန်ခြင်း ဖြစ်ရာ၏။ ငါ့သျှင်သာရိပုတြာ “ငါသည် မျက်စိဟူ၍လည်းကောင်း၊ ငါ၏မျက်စိဟူ၍လည်းကောင်း။ပ။ ငါသည် လျှာဟူ၍လည်းကောင်း၊ ငါ၏ လျှာဟူ၍လည်းကောင်း။ပ။ ငါသည်စိတ်ဟူ၍လည်းကောင်း၊ ငါ၏ စိတ်ဟူ၍လည်းကောင်း” ငါ့အား ဤကဲ့သို့ ထင်မြင်မှုမျိုး မရှိ။ ငါ့သျှင်သာရိပုတြာ ထိုထင်မြင်မှုမျိုး မရှိသော ငါ့အား ကိုယ်ဖောက်ပြန်ခြင်းသည်လည်းကောင်း၊ ဣန္ဒြေတို့ဖောက် ပြန်ခြင်းသည်လည်းကောင်း အဘယ်မှာ ဖြစ်နိုင်မည်နည်းဟု (မိန့်တော်မူ၏)။
ထိုသို့ မဖြစ်နိုင်သောကြောင့်သာလျှင် အသျှင်ဥပသေနသည် အချိန်ကြာမြင့်စွာကပင် ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’၊ ငါဟု ထောင်လွှားမှု ‘မာနာနုသယ’ကို ကောင်းစွာ နုတ်ပယ်ပြီး ဖြစ်၏။
ထို့ကြောင့် “ငါသည် မျက်စိဟူ၍လည်းကောင်း၊ ငါ၏ မျက်စိဟူ၍လည်းကောင်း။ပ။ ငါသည် လျှာဟူ၍လည်းကောင်း၊ ငါ၏ လျှာဟူ၍လည်းကောင်း။ပ။ ငါသည် စိတ်ဟူ၍လည်းကောင်း၊ ငါ၏ စိတ်ဟူ၍လည်းကောင်း” အသျှင်ဥပသေနအား ဤကဲ့သို့ ထင်မြင်မှုမျိုး မဖြစ်နိုင်ဟု (အသျှင်သာရိပုတြာ) မိန့်ဆို၏။ ထိုအခါ ထိုရဟန်းတို့သည် အသျှင်ဥပသေန၏ကိုယ်ကို ညောင်စောင်းငယ်ပေါ်သို့ တင်ပြီးလျှင်အပြင်သို့ ထုတ်ကြကုန်၏။ ထိုအခါ အသျှင်ဥပသေန၏ကိုယ်သည် ထိုနေရာ၌ ပင် ဖွဲဆုပ်ကဲ့သို့ ဖရိုဖရဲကျဲသွားလေ၏။
သတ္တမသုတ်။
ဘာသာပြန်ချက်များ [၁၉]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Christelle Ah-Mouck (2026)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Anton P. Baron (2011)
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- জ্ঞানেন্দ্রিয় ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဥပသေနအာသီဝိသသုတ်
အကြောင်းအရာများ [၁]
English