ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Anton P. Baron
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2018)
বাংলা
- জ্ঞানেন্দ্রিয় ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ပဌမ ဆဖဿာယတနသုတ်
၇၁။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် တွေ့ထိမှု ‘ဖဿ’၏ တည်ရာ ခြောက်မျိုး တို့၏ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုမသိသော ရဟန်းသည် မြတ်သောအကျင့်ကို မကျင့်သုံးရသေး၊ ထိုရဟန်းသည် ဤဓမ္မဝိနယ ‘သာသနာတော်’မှ ဝေး၏။ ဤသို့ မိန့်တော်မူသည်ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —“အသျှင်ဘုရား သာသနာတော်၌ တပည့်တော်သည် ပျက်စီးနေပါ၏၊ အသျှင်ဘုရား တပည့်တော်သည် တွေ့ထိမှု၏ တည်ရာခြောက် မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိပါ “ဟု လျှောက်၏။
ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း၊ မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာမဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည် ဖြစ်လတ္တံ့၊ ဤမြင်မှုသည်ပင် ဝဋ်ဆင်းရဲ၏အဆုံး (နိဗ္ဗာန်) ဖြစ်ပေ၏။ပ။
လျှာကို “ ဤလျှာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤလျှာသည် ငါ ဖြစ်၏၊ ဤလျှာသည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် လျှာကိုလည်း “ ဤလျှာသည် ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည်ဖြစ်လတ္တံ့၊ ဤမြင်မှုသည်ပင် ဝဋ်ဆင်းရဲ၏ အဆုံး (နိဗ္ဗာန်) ဖြစ်ပေ၏။ပ။
စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤစိတ်သည် ငါ ဖြစ်၏၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။ ရဟန်း ကောင်းပေစွ၊ သင်သည် ဤတည်ရာ ခြောက်မျိုးတို့တွင် စိတ်ကိုလည်း “ ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အပ်သည်ဖြစ် လတ္တံ့၊ ဤမြင်မှုသည်ပင် ဝဋ်ဆင်းရဲ၏ အဆုံး (နိဗ္ဗာန်) ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Anton P. Baron
Português
- Michael Beisert (2004)
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2018)
বাংলা
- জ্ঞানেন্দ্রিয় ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ပဌမ ဆဖဿာယတနသုတ်
အကြောင်းအရာများ [၁]
English