ဘာသာပြန်ချက်များ [၂၃]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano (1999)
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Magyar
- Fenyvesi Róbert, Máthé Veronika (2009)
Srpski
- Branislav Kovačević (2023)
Suomi
- Juha Lamminaho (2020)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—သကလိကသုတ်
၁၄၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် မဒ္ဒကုစ္ဆိမည်သော သမင်တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား၏ ခြေတော်သည် ကျောက်ခဲဖြင့် ထိခိုက်မိ၏၊ မြတ်စွာဘုရားအား ဆင်းရဲကုန်သော ခက်ထန်ကြမ်းတမ်းကုန် စပ်ရှားကုန်သော မသာယာအပ်ကုန် မနှစ်လိုအပ်ကုန်သော ကိုယ်၌ ဖြစ်သော ပြင်းပြသော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ မြတ်စွာဘုရားသည် ထိုဝေဒနာတို့ကို သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ မပင်မပန်း သည်းခံတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဒုကုဋ်တော်ကို လေးထပ်ခင်း၍ (လက်ယာ) ခြေ၌ (လက်ဝဲ) ခြေကို စဉ်းငယ် လွန်ကာ တင်ထား၍ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည် ဖြစ်လျက် လက်ယာနံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏၊ ထို့နောက် ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏—
“သင်သည် မိန်းမောတွေဝေသဖြင့် အိပ်သလော၊ သို့မဟုတ် ရွတ်ဆိုဖွယ် ကြံ စည်မှုဖြင့် ယစ်သည် ဖြစ်၍ အိပ်သလော၊ သင့်အား များစွာသော အကျိုးတို့သည် မရှိကုန်သလော၊ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာ၌ တစ်ယောက်တည်း အိပ်ခြင်းသို့ ရှေးရှုလျက် အဘယ့်ကြောင့် အိပ်ဘိသနည်း”ဟု (ရွတ်ဆို၏)။
ငါသည် မိန်းမောတွေဝေသဖြင့် အိပ်သည် မဟုတ်၊ ရွတ်ဆိုဖွယ် ကြံစည်မှုဖြင့် ယစ်သည် ဖြစ်၍ အိပ်သည် မဟုတ်၊ ငါသည် အကျိုးသို့ ကောင်းစွာ ရောက်ပြီး ဖြစ်၍ စိုးရိမ်ကြောင့်ကြ မရှိဘဲ ဆိတ်ငြိမ်သော အိပ်ရာနေရာ၌ အလုံးစုံသောသတ္တဝါတို့အား အစဉ်သနားခြင်း ရှိလျက် တစ်ယောက်တည်း အိပ်၏။
ဤလောက၌ အကြင်သူတို့၏ ရင်ဝယ် မြားစူးဝင်သောကြောင့် နှလုံးသား တလှပ် လှပ် တုန်လှုပ်နေ၏၊ ထိုသူတို့သော်မှလည်း မြားတန်းလန်း ရှိသည် ဖြစ်လျက်ပင် အိပ်ခြင်းကို ရတုံဘိသေး၏၊ မြားစူးဝင်ခြင်း ကင်းနေသော ငါကား အဘယ့်ကြောင့် မအိပ်ဘဲ ရှိမည်နည်း။
ငါသည် ဘေးရန်ရှိသော ခရီးဆိုး၌သော်လည်း တွေးတောယုံမှားမှု မရှိ၊ ဘေးရန် ရှိသော ခရီးဆိုး၌ အိပ်ခြင်ငှါလည်း ငါ မကြောက်၊ ညဉ့်နေ့တို့သည် ငါ့ကို မပူပန် စေကုန်၊ လောက၌ တစ်စုံတစ်ရာ ဆုတ်ယုတ်ခြင်းကို မမြင်၊ ထို့ကြောင့် အလုံးစုံ သော သတ္တဝါတို့အား အစဉ်သနားခြင်း ရှိသည် ဖြစ်၍ အိပ်၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
ဘာသာပြန်ချက်များ [၂၃]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Canonpali.org
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano (1999)
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Magyar
- Fenyvesi Róbert, Máthé Veronika (2009)
Srpski
- Branislav Kovačević (2023)
Suomi
- Juha Lamminaho (2020)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—သကလိကသုတ်
အကြောင်းအရာများ [၂]
English
Русский