ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ပတ္တသုတ်
၁၅၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အကြောင်းပြု၍ ရဟန်းတို့အား တရားစကားဖြင့် အကျိုးစီးပွားကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အကျိုးရှိသည်ကို ပြုကာ နှလုံးသွင်း၍ အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ကုန်၍ နားစိုက်လျက် တရားနာကုန်၏။
ထိုအခါ ယုတ်မာသော မာရ်နတ်အား “ဤရဟန်းဂေါတမသည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အကြောင်း ပြု၍ ရဟန်းတို့အား တရားစကားဖြင့် အကျိုးစီးပွားကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အကျိုးရှိသည်ကို ပြုကာ နှလုံးသွင်း၍ အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ကုန်၍ နားစိုက်လျက် တရားနာကုန်၏၊ ထိုငါသည် ရဟန်း (ပရိသတ်)၏ ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ ရဟန်းဂေါတမထံသို့ ချဉ်းကပ်ရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏။
ထိုအခါ များစွာကုန်သော သပိတ်တို့ကို လွင်တီးခေါင်၌ ထားကုန်၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် နွားလားအသွင်ကို ဖန်ဆင်း၍ ထိုသပိတ်ရှိရာသို့ ချဉ်းကပ်လေ၏၊ ထိုအခါ ရဟန်းတစ်ပါး သည် ရဟန်းတစ်ပါးအား “ရဟန်း ဤနွားလားသည် သပိတ်တို့ကို ခွဲရာ၏”ဟု ဆိုသည်ရှိသော် မြတ်စွာဘုရားသည် ထိုရဟန်းအား ဤစကားကို မိန့်တော်မူ၏— “ရဟန်း ထိုသည်ကား နွားလား မဟုတ်၊ ထို နွားသည် ယုတ်မာသော မာရ်နတ်တည်း၊ သင်တို့၏ ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ လာ၏”ဟု မိန့်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤသူသည် ယုတ်မာသော မာရ်နတ်တည်းဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာဖြင့် မိန့်ဆိုတော်မူ၏—
အကြင် ရူပက္ခန္ဓာသည်လည်းကောင်း၊ အကြင် ဝေဒနာက္ခန္ဓာသည်လည်းကောင်း၊ အကြင် သညာက္ခန္ဓာသည်လည်းကောင်း၊ အကြင် ဝိညာဏက္ခန္ဓာသည်လည်းကောင်း၊ အကြင် သင်္ခါရက္ခန္ဓာသည်လည်းကောင်း ရှိ၏။ ဤခန္ဓာငါးပါးသည် ငါ မဟုတ်၊ ဤ ခန္ဓာငါးပါးသည် ငါ၏ ဥစ္စာ မဟုတ်ဟု ရှုသည် ဖြစ်၍ ထိုခန္ဓာငါးပါး၌ တပ်ခြင်း ကင်း၏။
ဤသို့ တပ်ခြင်းကင်းသည်ဖြစ်၍ အလုံးစုံသော သံယောဇဉ်ကို လွန်သည်ဖြစ်၍ ဘေးမရှိသော အတ္တဘောကို အလုံးစုံသော အရပ်တို့၌ ရှာသော်လည်း မာရ်စစ်သည် သည် မမြင်နိုင်”ဟု မိန့်တော်မူ၏။
ထိုအခါ ယုတ်မာသော မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
ဘာသာပြန်ချက်များ [၂၀]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ပတ္တသုတ်
အကြောင်းအရာများ [၁]
English