ဘာသာပြန်ချက်များ [၁၃]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- জ্ঞানেন্দ্রিয় ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အာကာသာနဉ္စာယတန ပဥှာသုတ်
၃၃၆။ “အာကာသာနဉ္စာယတနဈာန် အာကာသာနဉ္စာယတနဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည်အာကာသာနဉ္စာယတနဈာန်နည်းဟု ဤသို့ အကြံ ဖြစ်၏၊ “ငါ့သျှင်တို့ ထိုငါ့အား ဤသာသနာတော်၌ ရဟန်းသည် ရူပသညာတို့ကို လုံးဝလွန်မြောက်ခြင်းကြောင့်, ပဋိဃသညာတို့၏ ချုပ်ခြင်းကြောင့် နာနတ္တသညာတို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ “ဟု စီးဖြန်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ဤသည်ကို အာကာသာနဉ္စာယတနဈာန်ဟု ဆိုအပ်၏”ဟု ဤအကြံသည် ဖြစ်၏၊ ငါ့သျှင်တို့ ထိုငါသည် ရူပသညာတို့ကို လုံးဝလွန်မြောက်ခြင်းကြောင့်ပဋိဃသညာတို့၏ ချုပ်ခြင်း ကြောင့် နာနတ္တသညာတို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည်အဆုံးမရှိ “ဟု စီးဖြန်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ ဤနေခြင်းဖြင့်နေသော ထိုငါ့အား ရုပ်နှင့် တကွသော အမှတ် ‘သညာ’ နှလုံးသွင်း ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏။
ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် အာကာသာနဉ္စာယတနဈာန်ကို မမေ့လျော့လင့်၊ အာကာသာနဉ္စာယတနဈာန်၌ စိတ်ကို ကောင်းစွာ တည်စေလော့၊ အာကာသာနဉ္စာယတနဈာန်၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ အာကာသာနဉ္စာယတနဈာန်၌ စိတ်ကို ကောင်းစွာ ထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။
ငါ့သျှင်တို့ ထိုငါသည် အခါတစ်ပါး၌ ရူပသညာတို့ကို လုံးဝလွန်မြောက်ခြင်းကြောင့် ပဋိဃသညာတို့၏ချုပ် ခြင်းကြောင့် နာနတ္တသညာတို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ “ဟုစီးဖြန်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့။ပ။ ထူးမြတ်သောအသိဉာဏ်ရှိသည်၏အဖြစ် သို့ ရောက်သော တပည့်”ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည်ကောင်းစွာ ဆိုလိုသော် ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။
ပဉ္စမသုတ်။
ဘာသာပြန်ချက်များ [၁၃]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- জ্ঞানেন্দ্রিয় ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အာကာသာနဉ္စာယတန ပဥှာသုတ်
အကြောင်းအရာများ [၀]