ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Isidatta (2010)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ—တတိယ ကုက္ကုဋာရာမသုတ်
၂ဝ။ ပါဋလိပုတ်နိဒါန်း။ ငါ့သျှင်အာနန္ဒာ “အကျင့်မြတ် ‘ဗြဟ္မစရိယ’ အကျင့်မြတ် ‘ဗြဟ္မစရိယ”’ဟု ဆိုအပ်၏၊ ငါ့သျှင် အကျင့်မြတ် ‘ဗြဟ္မစရိယ’ ဟူသည် အဘယ်ပါနည်း၊ အကျင့်မြတ် ‘ဗြဟ္မစရိယ’ ရှိသူသည်အဘယ်ပါနည်း၊ အကျင့်မြတ် ‘ဗြဟ္မစရိယ’၏ အဆုံးကား အဘယ်ပါနည်းဟု မေးမြန်းလျှောက်ထား၏။
ငါ့သျှင်ဘဒ္ဒ ကောင်းပေစွ ကောင်းပေစွ၊ ငါ့သျှင်ဘဒ္ဒ သင်၏ ဉာဏ်ဖြင့် စူးစမ်းမှုသည် ကောင်းပေစွ၊ ဉာဏ်အမြင်သည် ကောင်းပေစွ၊ ဆွေးနွေးမေးမြန်းမှုသည် ကောင်းပေစွ။ ငါ့သျှင်ဘဒ္ဒ သင်သည် “ငါ့သျှင်အာနန္ဒာ အကျင့်မြတ် ‘ဗြဟ္မစရိယ’ အကျင့်မြတ် ‘ဗြဟ္မစရိယ’ဟု ဆိုအပ်၏၊ ငါ့သျှင်အကျင့်မြတ် ‘ဗြဟ္မစရိယ’ ဟူသည် အဘယ်ပါနည်း၊ အကျင့်မြတ် ‘ဗြဟ္မစရိယ’ရှိသူသည် အဘယ်ပါနည်း၊ အကျင့်မြတ် ‘ဗြဟ္မစရိယ’၏ အဆုံးကား အဘယ်ပါနည်း”ဟု ဤသို့ မေးမြန်းသည် မဟုတ်လောဟု ဆို၏၊ ငါ့သျှင်အာနန္ဒာဟုတ်ပါ၏ဟု ဆို၏၊ ငါ့သျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်သည်ပင်လျှင်အကျင့်မြတ် ‘ဗြဟ္မစရိယ’ တည်း။ ဤအရိယ မဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် အကြင်သူသည်အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်နှင့် ပြည့်စုံ၏၊ ဤအရိယမဂ်နှင့် ပြည့်စုံသူကို အကျင့်မြတ်ရှိသူဟုဆိုအပ်၏။ ငါ့သျှင် စွဲမက်မှု ‘ရာဂ’ ကုန်ရာ အမျက်ထွက်မှု ‘ဒေါသ’ ကုန်ရာ တွေဝေမှု ‘မောဟ’ကုန်ရာနိဗ္ဗာန်သည် အကျင့်မြတ် ‘ဗြဟ္မစရိယ’၏ အဆုံးတည်းဟု (မိန့်ဆို၏)။
ဒသမသုတ်။
[ဤကုက္ကုဋာရာမသုတ် ၃—သုတ်တို့သည် ပါဋလိပုတ်မြို့ဟူသော ဟောရာနိဒါန်း တူကြကုန်၏]။
နှစ်ခုမြောက် ဝိဟာရဝဂ် ပြီး၏။
ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Isidatta (2010)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ—တတိယ ကုက္ကုဋာရာမသုတ်
အကြောင်းအရာများ [၀]