ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Isidatta (2010)
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ကိမတ္ထိယသုတ်
၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏— အသျှင်ဘုရား အယူတစ်ပါးရှိကုန်သော ပရိဗိုဇ်တို့သည် အကျွန်ုပ်တို့အား “ငါ့သျှင်တို့ အဘယ်အကျိုးကို လို၍ ရဟန်းဂေါတမ၏ အထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးဘိသနည်း”ဟု မေးကုန်၏၊ အသျှင်ဘုရား ဤသို့ အမေးခံရသောအကျွန်ုပ်တို့သည် အယူတစ်ပါးရှိကုန်သော ပရိဗိုဇ်တို့အား “ငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရား၏ အထံ၌ မြတ်သောအကျင့်ကို ကျင့်သုံး၏”ဟုဤသို့ ဖြေကြားပါကုန်၏။ အသျှင်ဘုရား အသို့ပါနည်း၊ ဤသို့ အမေးခံရ၍ ဤသို့ ဖြေခဲ့ကုန်သောအကျွန်ုပ်တို့ သည် မြတ်စွာဘုရား ဟောတော်မူတိုင်း ဖြေကြားကြသူများဟုတ်ပါကုန်၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာ မရောက်ဘဲ ရှိပါကုန်၏လော၊ တရားတော်အားလျော်သည်ကို ဖြေဆိုခဲ့ကြသူများ ဖြစ်ပါကုန်၏လော၊ အကျွန်ုပ်တို့၏ ဝါဒ,အနုဝါဒသည်အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါ၏လောဟုလျှောက်ကြကုန်၏။
ရဟန်းတို့ ဤသို့ အမေးခံရ၍ ဤသို့ ဖြေဆိုခဲ့ကုန်သော သင်တို့သည် စင်စစ် ငါဘုရား ဟောကြားတော်မူတိုင်း ဖြေဆိုသူများ ဖြစ်ကုန်၏၊ ငါဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာမရောက်ကုန်၊ တရားတော်အား လျော်သည်ကိုသာ ဖြေဆိုသူများ ဖြစ်ကြကုန်၏၊ သင်တို့၏ ဝါဒ, အနုဝါဒသည် အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ပေ။ မှန်၏၊ ဒုက္ခကိုပိုင်းခြား ၍ သိခြင်းငှါ ငါ့ထံ၌ မြတ်သောအကျင့်ကို ကျင့်သုံး၏။ ရဟန်းတို့ အကယ်၍အယူတစ်ပါးရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ ဤဆင်းရဲ ‘ဒုက္ခ’ ကို ပိုင်းခြား၍ သိခြင်းငှါလမ်းစဉ်ရှိပါသလော၊ အကျင့်ရှိပါ သလော”ဟု သင်တို့ကို ဤကဲ့သို့ မေးမြန်းကုန်ငြားအံ့၊ ရဟန်းတို့ဤသို့ အမေးခံရသော သင်တို့သည် အယူတစ်ပါးရှိကုန်သော ပရိဗိုဇ်တို့အား “ငါ့သျှင်တို့ဤဆင်းရဲ ‘ဒုက္ခ’ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းစဉ် သည် ရှိ၏၊ အကျင့်သည် ရှိ၏”ဟု ဤသို့ဖြေဆိုကြကုန်လော့။
ရဟန်းတို့ ဤဆင်းရဲ ‘ဒုက္ခ’ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းစဉ်သည် အဘယ်နည်း၊ အကျင့်သည်အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်တို့ကား အဘယ်တို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။ ရဟန်းတို့ ဤသည်ကားဤဆင်းရဲ ‘ဒုက္ခ’ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းစဉ်တည်း၊ အကျင့်တည်း။ ရဟန်းတို့ ဤသို့ အမေးခံရသော သင်တို့သည် အယူတစ်ပါးရှိကုန်သော ပရိဗိုဇ်တို့အား ဤအတိုင်း ဖြေဆိုကြကုန်လော့ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Isidatta (2010)
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ကိမတ္ထိယသုတ်
အကြောင်းအရာများ [၁]
English