ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
Türkçe
- Ufuk Çakmakçı (2025)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
— သတိသုတ်
၄ဝ၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရဟန်းသည် အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့်ပြည့်စုံသည် ဖြစ်၍ နေရာ၏၊ ဤသည်ကား သင်တို့အတွက် ငါတို့၏ အဆုံးအမပင်တည်း။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အောက်မေ့မှု ‘သတိ’နှင့် ပြည့်စုံသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သတိနှင့် ပြည့်စုံ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့် ပြည့်စုံသနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းအား ခံစားမှု ‘ဝေဒနာ’တို့သည် ထင်ရှားစွာ ဖြစ်ကုန်၏၊ ထင်ရှားစွာ ထင်ကုန်၏၊ ထင်ရှားစွာ ချုပ်ခြင်းသို့ ရောက်ကုန်၏။ ကြံစည်မှု ‘ဝိတက်’တို့သည် ထင်ရှားစွာ ဖြစ်ကုန်၏၊ ထင်ရှားစွာထင်ကုန်၏၊ ထင်ရှားစွာ ချုပ်ခြင်းသို့ ရောက်ကုန်၏။ မှတ်သားမှု ‘သညာ’တို့သည် ထင်ရှားစွာ ဖြစ်ကုန်၏၊ ထင်ရှားစွာ ထင်ကုန်၏၊ ထင်ရှားစွာ ချုပ်ခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ ဤသို့ သိသော ရဟန်းသည် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့် ပြည့်စုံ၏။
ရဟန်းတို့ ရဟန်းသည် အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏။ ဤသည်ကား သင်တို့အတွက် ငါဘုရားတို့၏ အဆုံးအမတည်းဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2018)
Türkçe
- Ufuk Çakmakçı (2025)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
— သတိသုတ်
အကြောင်းအရာများ [၁]
English