လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၇]

—သတိသုတ်

၄၁ဝ။ ရဟန်းတို့ ရဟန်းသည် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏၊ ဤသည်ကား သင်တို့ အတွက်ငါဘုရားတို့၏ အဆုံးအမတည်း။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သတိနှင့် ပြည့်စုံရာ သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေ၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏၊ ဤသည်ကား သင်တို့အတွက် ငါဘုရားတို့၏ အဆုံးအမတည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

အကြောင်းအရာများ [၀]