ဘာသာပြန်ချက်များ [၂၃]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2011)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Magyar
- Szabó Márta (2009)
Svenska
- Kerstin Jönhagen
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—သောမာသုတ်
၁၆၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ သောမာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်လေ၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည် ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့၍ အန္ဓဝန်တောသို့ နေ့သန့်စင်ခြင်းငှါ ချဉ်းကပ်ပြီးလျှင် တစ်ခု သော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် သောမာဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျောစေလို၍လည်းကောင်း သောမာဘိက္ခုနီမထံသို့ ချဉ်းကပ်၍ ဂါထာဖြင့် ရွတ်ဆို၏—
“ရောက်နိုင်ခဲသော အကြင်အရဟတ္တဖိုလ်သို့ သူတော်ကောင်းတို့သည် ရောက် အပ်၏၊ သင်သည် မိန်းမ၏ လက်နှစ်သစ်မျှသော ပညာဖြင့် ထိုအရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ မတတ်နိုင်”ဟု ရွတ်ဆို၏။
ထိုအခါ သောမာဘိက္ခုနီမအား “ဂါထာကို ရွတ်ဆိုသော ဤသူသည် အဘယ်သူနည်း၊ လူလေလော နတ်လေလော”ဟု စဉ်းစားပြီးလျှင် “ဤသူသည် ယုတ်မာသော မာရ်နတ်တည်း၊ ငါ့အား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျော စေလို၍လည်းကောင်း ဂါထာကို ရွတ်ဆို၏”ဟု အကြံ ဖြစ်၏၊ ထိုအခါ သောမာဘိက္ခုနီမအား “ဤသူ သည်ကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့်ပြန်ပြော၏—
“ကောင်းစွာ တည်ကြည်သော စိတ်၌ ဖလသမာပတ်ဉာဏ် ဖြစ်သည်ရှိသော် တရားကို ကောင်းစွာ မြင်သောသူအား မိန်းမအဖြစ်သည် အဘယ် ပြုအံ့နည်း။
အကြင်သူအား ငါကား မိန်းမဟူ၍လည်းကောင်း၊ ငါကား ယောကျာ်းဟူ၍လည်းကောင်း၊ ငါကား တခြား တစ်စုံတစ်ခု ဖြစ်၏ဟူ၍လည်းကောင်း (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) ဤသို့ ဖြစ်ရာ၏။ ထိုသူကိုသာလျှင် မာရ်နတ်သည် ဆိုခြင်းငှါ ထိုက်၏”ဟု (ပြန်ပြော၏)။
ထိုအခါ ယုတ်မာသော မာရ်နတ်သည် “သောမာဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲခြင်း နှလုံး မသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
ဘာသာပြန်ချက်များ [၂၃]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2011)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Magyar
- Szabó Márta (2009)
Svenska
- Kerstin Jönhagen
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—သောမာသုတ်
အကြောင်းအရာများ [၂]
English
Русский