ဘာသာပြန်ချက်များ [၂၃]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2011)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Magyar
- Szabó Márta (2009)
Svenska
- Kerstin Jönhagen
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဥပစာလာသုတ်
၁၆၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ဥပစာလာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍။ပ။ နေ့သန့်စင်ခြင်းငှါ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဥပစာလာ ဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် ဥပစာလာဘိက္ခုနီမအား “ရဟန်းမ သင်သည် အဘယ်ဘုံ၌ ဖြစ်ခြင်းငှါ အလိုရှိပါသနည်း”ဟု ပြောဆို၏၊ အချင်းမာရ်နတ် ငါသည် “တစ်စုံတစ်ခုသောဘုံ၌ ဖြစ်ခြင်းငှါ အလိုမရှိ”ဟု ဆို၏။
“အကြင်သို့သော တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ယာမာနတ်တို့သည်လည်းကောင်း၊ တုသိတာနတ်တို့သည်လည်းကောင်း၊ နိမ္မာနရတီနတ်တို့သည်လည်းကောင်း၊ ဝသဝတ္တီနတ်တို့သည်လည်းကောင်း ရှိကုန်၏။ ထိုနတ်တို့၏ နေရာဘုံ၌ သင်၏ စိတ်ကို ညွတ်စေလော့၊ ထိုနတ်ဘုံတို့၌ မွေ့လျော်ခြင်းကို ခံစားရလတ္တံ့ဟု (ဆို၏)။
အကြင်သို့သော တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ယာမာနတ်တို့သည်လည်းကောင်း၊ တုသိတာနတ်တို့သည်လည်းကောင်း၊ နိမ္မာနရတီနတ်တို့သည်လည်းကောင်း၊ ဝသဝတ္တီနတ်တို့သည်လည်းကောင်း ရှိကုန်၏။ ထိုနတ်တို့သည် ကာမဂုဏ် အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ခံရကုန်လျက် တစ်ဖန် မာရ်နတ်၏ အလိုနိုင်ငံသို့ ရောက် ကုန်၏။
အလုံးစုံသော လောကသည် ရဲရဲပြောင်ပြောင် တောက်လောင်နေ၏၊ အလုံးစုံ သော လောကသည့်အခိုးတလူလူ ထနေ၏၊ အလုံးစုံသော လောကသည် မီးတောက်မီးလျှံ ထွက်နေ၏၊ အလုံးစုံသော လောကသည် တုန်လှုပ်နေ၏။
အကြင်အရပ်၌ မတုန်လှုပ်၊ အလျှံ မထွက်၊ အရိယာတို့ မှီဝဲအပ်၏၊ မာရ်၏ လားရာ မဟုတ်၊ ထို (နိဗ္ဗာန်) အရပ်၌ ငါ၏ စိတ်သည် မွေ့လျော်၏”ဟု ဆို၏။
ထိုအခါ ယုတ်မာသော မာရ်နတ်သည် “ဥပစာလာဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
ဘာသာပြန်ချက်များ [၂၃]
English
- Bhikkhu Bodhi (2000)
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2011)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Magyar
- Szabó Márta (2009)
Svenska
- Kerstin Jönhagen
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဥပစာလာသုတ်
အကြောင်းအရာများ [၁]
English