ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2019)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
— သုတနုသုတ်
၉ဝ၁။ အခါတစ်ပါး၌ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည် သုတနုမြစ်ကမ်း၌ (သီတင်းသုံး) နေတော် မူ၏၊ ထိုအခါ များစွာသော ရဟန်းတို့သည် အသျှင်အနုရုဒ္ဓါထံသို့ ချဉ်းကပ်ကုန်၍ အသျှင်အနုရုဒ္ဓါနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော်အသျှင်အနုရုဒ္ဓါအား ဤစကားကို လျှောက်ကုန်၏ — “အသျှင်အနုရုဒ္ဓါသည် အဘယ်တရားတို့ကိုပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်သောအဘိညာဉ်ရှိသည်၏ အဖြစ်သို့ရောက်ပါသနည်း”ဟု လျှောက်ကုန်၏။
ငါ့သျှင်တို့ ငါသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်မြတ်သောအဘိညာဉ်ရှိသည်၏ အဖြစ်သို့ ရောက်၏။ အဘယ်လေးပါးတို့နည်း၊ ငါ့သျှင်တို့ ဤသာသနာတော်၌ ငါသည် ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏၊ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားကို အကြိမ့်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ငါ့သျှင်တို့ ငါသည် သတိပဋ္ဌာန်လေးပါးတို့ကိုပင် ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အယုတ်တရားကို အယုတ်တရားအားဖြင့် သိ၏၊ အလတ်တရားကို အလတ်တရားအားဖြင့် သိ၏၊ အမြတ်တရားကို အမြတ်တရားအားဖြင့် သိ၏ဟု (မိန့်ဆို၏)။
တတိယသုတ်။
ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2019)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
— သုတနုသုတ်
အကြောင်းအရာများ [၁]
English