ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Rémy Zins (2022)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Isidatta
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2019)
Polski
- Piotr Jagodziński
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—မဟာကပ္ပိနသုတ်
၉၈၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်မဟာကပ္ပိနသည် မြတ်စွာဘုရား၏ မနီးမဝေး၌ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေးရှုဖြစ်စေလျက် ထိုင်နေ၏၊ မြတ်စွာဘုရားသည် တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေးရှုဖြစ်စေလျက် အနီး၌ ထိုင်နေသောအသျှင်မဟာကပ္ပိနကို မြင်တော်မူလေ၏။ မြင်တော်မူပြီးလတ်သော်ရဟန်းတို့ကို—ရဟန်းတို့ ဤရဟန်း၏ ကိုယ်တုန်ခြင်းကိုလည်းကောင်း၊ လှုပ်ခြင်းကိုလည်းကောင်း သင်တို့ မြင်ကုန်သလောဟု မိန့်တော်မူ၏။ အသျှင်ဘုရား သံဃာ့အလယ်၌လည်းကောင်း၊ တစ်ပါးတည်းဆိတ်ငြိမ် ရာ၌လည်းကောင်း ထိုအသျှင် ထိုင်နေသည်ကို မြင်ကြရသောအခါ ထိုအသျှင်၏ကိုယ်တုန်ခြင်းကိုလည်းကောင်း၊ လှုပ်ခြင်းကိုလည်းကောင်း အကျွန်ုပ်တို့ မမြင်ရပါဟု (လျှောက်ကုန်၏)။
ရဟန်းတို့ အကြင်တည်ကြည်မှု ‘သမာဓိ’ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ကိုယ်တုန်ခြင်းသည်လည်းကောင်း၊ လှုပ်ခြင်းသည်လည်းကောင်း မဖြစ်။ စိတ်၏ တုန်ခြင်းသည်လည်းကောင်း၊ လှုပ်ခြင်းသည်လည်းကောင်း မဖြစ်။ ရဟန်းတို့ ထိုရဟန်းသည် ထိုသမာဓိကို အလိုရှိတိုင်း ရ၏၊ မဆင်းရဲဘဲ ရ၏၊ မပင်ပန်းဘဲ ရ၏။ ရဟန်းတို့ အဘယ်သမာဓိကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ကိုယ်တုန်ခြင်းသည်လည်းကောင်း၊ လှုပ်ခြင်းသည်လည်းကောင်း မဖြစ်သနည်း။ စိတ်၏ တုန်ခြင်းသည်လည်းကောင်း၊ လှုပ်ခြင်းသည်လည်းကောင်း မဖြစ်သနည်း။
ရဟန်းတို့ အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်း ကြောင့်ကိုယ်တုန်ခြင်းသည်လည်းကောင်း၊ လှုပ်ခြင်းသည်လည်းကောင်း မဖြစ်။ စိတ်၏ တုန်ခြင်းသည်လည်းကောင်း၊ လှုပ်ခြင်းသည်လည်းကောင်း မဖြစ်။ ရဟန်းတို့ အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကိုအဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ကိုယ်တုန်ခြင်းသည်လည်းကောင်း၊ လှုပ်ခြင်းသည်လည်းကောင်း မဖြစ်သနည်း။ စိတ်၏ တုန်ခြင်းသည်လည်းကောင်း၊ လှုပ်ခြင်းသည်လည်းကောင်း မဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့သွားရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေးရှုဖြစ်စေလျက် ထိုင်နေ၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ထုတ်၏၊ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။ပ။ “စွန့်လွှတ်မှုကို အဖန်တစ်လဲလဲရှုလျက် ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ “စွန့်လွှတ်မှုကို အဖန်တစ်လဲလဲ ရှုလျက်ဝင် သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ ရဟန်းတို့ အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကိုဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ကိုယ်တုန်ခြင်းသည်လည်းကောင်း၊ လှုပ်ခြင်းသည် လည်းကောင်း မဖြစ်။ စိတ်၏ တုန်ခြင်းသည်လည်းကောင်း၊ လှုပ်ခြင်းသည်လည်းကောင်း မဖြစ်ဟု (မိန့် တော်မူ၏)။
သတ္တမသုတ်။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Rémy Zins (2022)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Español
- Isidatta
Русский
- SV theravada.ru (2012)
Norsk
- Kåre A. Lie (2019)
Polski
- Piotr Jagodziński
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—မဟာကပ္ပိနသုတ်
အကြောင်းအရာများ [၁]
English