ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
- Rémy Zins (2022)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Português
- Michael Beisert (2013)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2019)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ—နန္ဒကလိစ္ဆဝိသုတ်
၁ဝ၂၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက် သောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နန္ဒကမည်သော လိစ္ဆဝီအမတ်ကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော နန္ဒကမည်သော လိစ္ဆဝီအမတ်ကြီးအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —
နန္ဒက တရားလေးပါးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် ပျက်စီးကျရောက်ခြင်းသဘော မရှိ သောကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏။ အဘယ်လေးပါးတို့နှင့်နည်း၊ နန္ဒက ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကိုခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့် လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏၊ တရားတော်၌။ပ။ သံဃာတော်၌။ပ။ မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။
တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေ တတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့်ပြည့်စုံ၏။ နန္ဒက ဤတရားလေးပါးတို့ နှင့် ပြည့်စုံသောအရိယာတပည့်သည်ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက် မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသောသောတာပန်ဖြစ်၏။
နန္ဒက ထို့ပြင် ဤတရားလေးပါးတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် နတ်၌ဖြစ်သောအသက်နှင့်လည်းကောင်း၊ လူ၌ဖြစ်သောအသက်နှင့်လည်းကောင်း ယှဉ်၏။ နတ်၌ဖြစ်သောအဆင်းနှင့်လည်းကောင်း၊ လူ၌ဖြစ်သောအဆင်းနှင့်လည်းကောင်း ယှဉ်၏။ နတ်၌ဖြစ်သော ချမ်းသာနှင့်လည်းကောင်း၊ ့လူ၌ ဖြစ်သော ချမ်းသာနှင့်လည်းကောင်း ယှဉ်၏။ နတ်၌ဖြစ်သောအခြံအရံနှင့်လည်းကောင်း၊ လူ၌ဖြစ်သောအခြံအရံနှင့်လည်းကောင်း ယှဉ်၏။ နတ်၏ အစိုးရခြင်းနှင့်လည်းကောင်း၊ လူ၏အစိုးရခြင်းနှင့်လည်းကောင်း ယှဉ်၏။ နန္ဒက ထိုစကားကို အခြားသော သမဏထံမှလည်းကောင်း၊ အခြားသော ဗြာဟ္မဏထံမှ လည်းကောင်း ကြားရ၍ ငါ ပြောဆိုခြင်း မဟုတ်။ စင်စစ်မူကား ငါကိုယ်တိုင်သိသော ငါကိုယ်တိုင် မြင် သော ငါကိုယ်တိုင် ထင်သောအရာကိုသာလျှင် ငါ ပြောဆို၏ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူပြီးသော် ယောကျာ်းတစ်ယောက်သည် လိစ္ဆဝီအမတ်ကြီး နန္ဒကအား “အသျှင်ရေချိုးချိန်ပါတည်း”ဟု ပြောလေ၏။ အချင်း ယခု ဤအပဖြစ်သော ရေချိုးခြင်းဖြင့် အကျိုးမရှိ၊ မြတ်စွာဘုရား၌ ကြည်ညိုခြင်းဟူသောအတွင်းဖြစ်သော ဤရေချိုးခြင်းသာ သင့်မြတ်သည် ဖြစ်လတ္တံ့ဟု (ပြောဆိုလေ၏)။
ဒသမသုတ်။
သုံးခုမြောက် သရဏာနိဝဂ် ပြီး၏။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Claude Le Ninan, Chandhana Le Ninan (2023)
- Rémy Zins (2022)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Português
- Michael Beisert (2013)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2019)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ—နန္ဒကလိစ္ဆဝိသုတ်
အကြောင်းအရာများ [၁]
English