ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Rémy Zins (2022)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Isidatta (2014)
Português
- Michael Beisert (2013)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2019)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ပဌမ ပုညာဘိသန္ဒသုတ်
၁ဝ၂၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ချမ်းသာခြင်း၏ အကြောင်းဖြစ်ကုန်သော ကောင်းမှုအစုကုသိုလ်အလျဉ်တို့သည် ဤလေးပါးတို့တည်း၊ အဘယ်လေးပါးတို့နည်း —
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ဤကား ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ပဌမ ကောင်းမှုအစု ကုသိုလ်အလျဉ်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာဟောတော်မူသော တရားတော်ပါပေတည်း။ပ။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ဤကားချမ်းသာခြင်း၏ အကြောင်းဖြစ်သော ဒုတိယ ကောင်းမှုအစု ကုသိုလ်အလျဉ်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် “မြတ်စွာဘုရား၏ တပည့်သားသံဃာတော် သည်ကောင်းသောအကျင့် ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏”ဟု သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ဤကား ချမ်းသာခြင်း၏အကြောင်းဖြစ်သော တတိယ ကောင်းမှုအစု ကုသိုလ်အလျဉ်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။
တည်ကြည်မှု သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့်ပြည့်စုံ၏။ ဤကား ချမ်းသာခြင်း၏ အကြောင်းဖြစ်သော စတုတ္ထ ကောင်းမှုအစု ကုသိုလ်အလျဉ်တည်း။
ရဟန်းတို့ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကောင်းမှုအစု ကုသိုလ်အလျဉ်တို့သည် ဤလေးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Rémy Zins (2022)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Italiano
- Enzo Alfano
Español
- Isidatta (2014)
Português
- Michael Beisert (2013)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2019)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ပဌမ ပုညာဘိသန္ဒသုတ်
အကြောင်းအရာများ [၀]