ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Rémy Zins (2022)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Italiano
- Enzo Alfano
Português
- Michael Beisert (2013)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2019)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဒုတိယ ပုညာဘိသန္ဒသုတ်
၁ဝ၂၈။ ရဟန်းတို့ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကောင်းမှုအစု ကုသိုလ်အလျဉ်တို့သည့်ဤလေးပါးတို့ပင်တည်း၊ အဘယ်လေးပါးတို့နည်း —
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ဤကား ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ပဌမ ကောင်းမှုအစု ကုသိုလ်အလျဉ်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် တရားတော်၌။ပ။ သံဃာတော်၌။ပ။
ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် ဝန်တိုမှု ‘မစ္ဆေရ’ အညစ်အကြေး ကင်းသောစိတ်ဖြင့် အိမ်၌ နေ၏၊ လွတ်လွတ်လပ်လပ် စွန့်ကြဲတတ်၏၊ (လှူဒါန်းရန်) ဆေးကြောထားသော လက်ရှိ၏၊ စွန့်ကြဲခြင်း၌ မွေ့လျော်၏၊ ဖုန်းတောင်းယာစကာတို့နှင့် စပ်ယှဉ်၏၊ ပေးကမ်းဝေဖန်ခြင်း၌မွေ့လျော် ၏။ ဤကား ချမ်းသာခြင်း၏ အကြောင်းဖြစ်သော စတုတ္ထ ကောင်းမှုအစုကုသိုလ်အလျဉ်တည်း။
ရဟန်းတို့ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကောင်းမှုအစု ကုသိုလ်အလျဉ်တို့သည် ဤလေးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Français
- Rémy Zins (2022)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Italiano
- Enzo Alfano
Português
- Michael Beisert (2013)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2019)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဒုတိယ ပုညာဘိသန္ဒသုတ်
အကြောင်းအရာများ [၀]