ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Português
- Michael Beisert (2013)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2019)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဒေဝ သဘာဂသုတ်
၁ဝ၃၂။ ရဟန်းတို့ တရားလေးပါးတို့နှင့် ပြည့်စုံသူကို နတ်တို့ နှစ်သက်ကုန်သည် ဖြစ်၍ သဘောတူသူ၏ အဖြစ်ကို ပြောဆိုကုန်၏၊ အဘယ်လေးပါးတို့နည်း —
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူပါပေ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူပါပေ၏”ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၍ ဤဘုံမှ စုတေပြီး ထိုဘုံ၌ ဖြစ်ကုန်သောနတ်တို့ အား ဤအကြံသည် ဖြစ်၏၊ “ငါတို့သည် အကြင်သို့သဘောရှိသော ဘုရား၌ မတုန်မလှုပ်ကြည်ညိုခြင်း နှင့် ပြည့်စုံ၍ ထိုလူ့ဘုံမှ စုတေပြီး ဤနတ်ဘုံ၌ ဖြစ်ကုန်၏၊ ထိုသို့သဘောရှိသောမြတ်စွာဘုရား၌ မတုန် မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံသောအရိယာတပည့်သည်လည်း နတ်တို့ထံသို့ရောက်လာလတ္တံ့”ဟု အကြံ ဖြစ်၏။
ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် တရားတော်၌။ပ။ သံဃာတော်၌။ပ။
ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။
တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်ကုန်သောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့်ပြည့်စုံ၏။ အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံကြ၍ ဤလူ့ဘုံမှ စုတေပြီး ထိုနတ်ဘုံ၌ဖြစ်ကုန်သော နတ်တို့အား ဤအကြံသည် ဖြစ်၏၊ “ငါတို့သည် အကြင်သို့သဘောရှိသောအရိယာတို့နှစ် သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံကြ၍ ထိုလူ့ဘုံမှ စုတေပြီး ဤနတ်ဘုံ၌ ဖြစ်ကုန်၏၊ ထိုသို့သဘော ရှိသောအရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံသောအရိယာတပည့်သည်လည်း နတ်တို့ ထံသို့ ရောက်လာလတ္တံ့”ဟု အကြံ ဖြစ်၏။
ရဟန်းတို့ ဤတရားလေးပါးတို့နှင့် ပြည့်စုံသော သူကို နတ်တို့ နှစ်သက်ကုန်သည် ဖြစ်၍ သဘောတူသူ၏ အဖြစ်ကို ပြောဆိုကုန်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
ဘာသာပြန်ချက်များ [၁၅]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Dr. Hellmuth Hecker (1993)
- Sabbamitta (2019)
Português
- Michael Beisert (2013)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2019)
বাংলা
- বঙ্গীস ভিক্ষু, অজিত ভিক্ষু, প্রজ্ঞাদর্শী ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဒေဝ သဘာဂသုတ်
အကြောင်းအရာများ [၁]
English