လုပ်ဆောင်နေသည်

ဘာသာပြန်ချက်များ [၁၄]

—ဒုတိယ ဂိဉ္ဇကာဝသထသုတ်

၁ဝဝ၅။ အသျှင်အာနန္ဒာသည် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏—“အသျှင်ဘုရား အသောကမည်သော ရဟန်းသည် ကွယ်လွန်ခဲ့ပါပြီ၊ ထိုရဟန်း၏ လားရာ ‘ဂတိ’ ကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း။ အသျှင်ဘုရား အသောကာမည်သောရဟန်းမသည် ကွယ်လွန်ခဲ့ပါပြီ။ပ။ အသျှင်ဘုရား အသောကမည်သော ဥပါသကာသည် ကွယ်လွန်ခဲ့ပါပြီ။ပ။ အသျှင်ဘုရား အသောကာမည်သော ဥပါသိကာမသည် ကွယ်လွန်ခဲ့ပါပြီ၊ ထိုဥပါသိကာမ၏ လားရာ ‘ဂတိ’ ကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း”ဟု (လျှောက်၏)။

အာနန္ဒာ ကွယ်လွန်သွားသောအသောကရဟန်းသည် အာသဝတို့ ကုန်ခြင်းကြောင့် အာသဝကင်း၍ (ကိလေသာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေသောရဟန္တာပေတည်း။ပ။ [ရှေးစကားပြင်တရားနှင့် နိဒါန်းတူ၏]။

အာနန္ဒာ ဤသည်ပင် ကြေးမုံတရားတည်း၊ အာနန္ဒာ ယင်းတရားတို့နှင့် ပြည့်စုံသောအရိယာတပည့်သည် ပြောကြားလိုခဲ့မူ “ငါ့အား ငရဲပဋိသန္ဓေ ကုန်ပြီ၊ တိရစ္ဆာန်ပဋိသန္ဓေ ကုန်ပြီ၊ ပြိတ္တာပဋိသန္ဓေကုန်ပြီ၊ မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ အပါယ်ပဋိသန္ဓေ ကုန်ပြီး ဖြစ်၏၊ ငါသည် ပျက်စီးကျရောက်ခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိ့သော သောတာပန်ဖြစ်၏”ဟု မိမိကိုယ်တိုင် မိမိအကြောင်းကို ပြောကြားနိုင်ပေ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

အကြောင်းအရာများ [၁]