ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ပစ္စနီကသုတ်
၂ဝ၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ပစ္စနီကသာတမည်သော ပုဏ္ဏားသည် သာဝတ္ထိပြည်၌ နေ၏၊ ထိုအခါ၌ ပစ္စနီကသာတပုဏ္ဏားအား “ငါသည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ရဟန်းဂေါတမ ဆိုတိုင်း ဆိုတိုင်းသော စကားကို ဆန့်ကျင်ဘက် ပြုရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထိုအခါ၌ မြတ်စွာဘုရား သည် လွင်တီးခေါင်၌ စင်္ကြံ ကြွနေတော်မူ၏၊ ထိုအခါ ပစ္စနီကသာတပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ စင်္ကြံသွားနေသော မြတ်စွာဘုရားအား “အသျှင် ရဟန်းတရားကို ဟောလော့”ဟု ဤစကား ကို လျှောက်၏—
“ဆန့်ကျင်ဘက် ပြုမှုကို သာယာသော စိတ်ဖြင့်လည်းကောင်း၊ ညစ်နွမ်းသော စိတ်ဖြင့်လည်းကောင်း၊ ခြုတ်ခြယ်မှုများသော စိတ်ဖြင့်လည်းကောင်း နားထောင်သူ သည် ကောင်းစွာ ဆိုအပ်သော စကားကို မသိနိုင်ရာ။
အကြင်သူသည် ခြုတ်ခြယ်လိုစိတ်ကိုလည်းကောင်း၊ စိတ်၏ မကြည်လင်ခြင်းကိုလည်းကောင်း ပယ်ဖျောက်၍ အမျက် ‘ဒေါသ’ကို စွန့်လျက် (ကြားနာ၏)၊ ထိုသူ သည်သာ ကောင်းစွာ ဆိုအပ်သော စကားကို စင်စစ် သိနိုင်ရာ၏”ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူသည် ရှိသော် ပစ္စနီကသာတပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ပစ္စနီကသုတ်
အကြောင်းအရာများ [၁]
English