ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2015)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ခေါမဒုဿသုတ်
၂ဝ၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ခေါမဒုဿမည်သော သာကီဝင်တို့၏ နိဂုံး၌ နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် သင်္ကန်းကို ပြင် ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ခေါမဒုဿနိဂုံးသို့ ဆွမ်းခံဝင်တော်မူ၏၊ ထိုအခါ၌ ခေါမဒုဿ နိဂုံး၌ နေကုန်သော ပုဏ္ဏားနှင့်အမျိုးသားတို့သည် စည်းဝေးရာသဘင်၌ တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စကြောင့် စုဝေးကုန်၏၊ မိုးသည်လည်း တစ်ပေါက်တစ်ပေါက် ဆွတ်ဖျန်း၏၊ ထိုအခါ မြတ်စွာဘုရားသည် စည်းဝေး ရာသို့ ချဉ်းကပ်တော်မူ၏၊ ခေါမဒုဿနိဂုံးနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် ကြွလာတော်မူသော မြတ်စွာဘုရားကို အဝေးမှ မြင်ကြကုန်လျှင် “ဦးပြည်း ရဟန်းယုတ်တို့သည်ကား အဘယ်တို့နည်း၊ အဘယ် ဦးပြည်းရဟန်းယုတ်တို့သည် အစည်းအဝေး၌ ကျင့်ဝတ်တရားကို သိနိုင်ကုန်လတ္တံ့နည်း”ဟု ဆိုကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ခေါမဒုဿနိဂုံးနေ ပုဏ္ဏားနှင့် အမျိုးသားတို့ကို ဂါထာဖြင့် ရွတ်ဆို ဟော ကြား၏—
“အကြင်အစည်းအဝေး၌ သူတော်ကောင်းတို့သည် မရှိကုန်၊ ဤအစည်းအဝေး သည် သဘင် မမည်။ အကြင်သူတို့သည် တရားကို မပြောဆိုတတ်ကုန်၊ ထိုသူတို့ သည် သူတော်ကောင်း မမည်ကုန်။ တပ်မက်မှု “ရာဂ”ကိုလည်းကောင်း၊ အမျက် ထွက်မှု ‘ဒေါသ’ကိုလည်းကောင်း၊ တွေဝေမှု ‘မောဟ’ကိုလည်းကောင်း ပယ်၍ တရား ကို ဟောပြောတတ်သူတို့သာ သူတော်ကောင်း ဖြစ်ကုန်၏”ဟု ဟောတော်မူ၏။
ဤသို့ မိန့်တော်မူသည်ရှိသော် ခေါမဒုဿနိဂုံးနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရား အား ဤစကားကို လျှောက်ကြကုန်၏ — “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိစွ တကား၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိစွတကား၊ အသျှင်ဂေါတမ ဥပမာ သော်ကား မှောက်ထားသော ဝတ္ထုကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ် ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ဘိ သကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူပါ၏။ ထိုအကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော် ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာတို့ ဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်ကုန်၏)။
နှစ်ခုမြောက် ဥပါသကဝဂ် ပြီး၏။
ဗြာဟ္မဏသံယုတ် ပြီး၏။
ဘာသာပြန်ချက်များ [၁၆]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2015)
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ခေါမဒုဿသုတ်
အကြောင်းအရာများ [၁]
English