ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဇဋာသုတ်
၁၉၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ ဇဋာဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့် ရွတ်ဆိုလျှောက်ထား၏ —
“ကိုယ်တွင်းသန္တာန်တွင် ဖွဲ့ယှက်တတ်သောတဏှာ၊ ကိုယ်ပသန္တာန်၌ ဖွဲ့ယှက်တတ် သောတဏှာ ယင်း (ကိုယ်တွင်း, ကိုယ်ပ၌ဖြစ်သော) ဖွဲ့ယှက်တတ်သော တဏှာသည် သတ္တဝါအပေါင်းကို ဖွဲ့ယှက်အပ်ပါ၏။ ဂေါတမမြတ်စွာဘုရား အရှင်ဘုရားအား ထို အကြောင်းကို မေးလျှောက်ပါ၏၊ ဤဖွဲ့ယှက်တတ်သော တဏှာကို အဘယ်သူသည် ဖြေရှင်းနိုင်ပါအံ့နည်း”ဟု (လျှောက်၏)။
ပဋိသန္ဓေပညာရှိ၍ ပြင်းစွာ အားထုတ်မှုရှိသော ရင့်ကျက်သည့် ပညာရှိသော (သံသရာဘေးကို) ရှုလေ့ရှိသည့် ပုဂ္ဂိုလ်သည် သီလ၌ တည်၍ (သမာဓိ) စိတ်ကိုလည်းကောင်း၊ (ဝိပဿနာ) ပညာကိုလည်းကောင်း ပွားစေလျက် ဤဖွဲ့ယှက်တတ် သော တဏှာကို ဖြေရှင်းနိုင်၏။
အကြင်ပုဂ္ဂိုလ်အား တပ်စွန်းမှု ‘ရာဂ’၊ အမျက်ထွက်မူ ‘ဒေါသ’၊ မသိမှု ‘အဝိဇ္ဇာ’တို့သည် ကင်းပြတ်ကုန်၏၊ အာသဝကုန်ပြီး ဖြစ်၍ ရဟန္တာဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ဖွဲ့ယှက်တတ်သော တဏှာကို ဖြေရှင်းအပ်ပြီ။
အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း၊ ထိပါးမှုဟူသော အမှတ် ‘ပဋိဃသညာ’သည်လည်းကောင်း၊ ရုပ်၌ ဖြစ်သော အမှတ် ‘ရူပသညာ’သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ဤနိဗ္ဗာန်၌ ဖွဲ့ယှက်တတ်သော တဏှာသည် ကင်းပြတ်၏ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူသည်ရှိသော် ဇဋာဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဘာရဒွါဇသည် ရဟန္တာ ပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဇဋာသုတ်
အကြောင်းအရာများ [၁]
English