ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အဂ္ဂိကသုတ်
၁၉၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် “မီးကို ပူဇော် အံ့၊ မီးပူဇော်ခြင်းဖြင့် လုပ်ကျွေးအံ့”ဟု ထောပတ်နှင့် နို့ဃနာကို ရောစပ်စီရင်အပ်၏။
ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ရာဇဂြိုဟ်ပြည်၌ အိမ်စဉ်အတိုင်း ဆွမ်းခံ လှည့်လည်တော်မူသော မြတ်စွာဘုရားသည် အဂ္ဂိကဘာရဒွါဇပုဏ္ဏား၏ အိမ်သို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ရပ်တော်မူ၏၊ အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် ဆွမ်းအလို့ငှါ ရပ်တည်နေသော မြတ်စွာဘုရားကို မြင်သောကြောင့် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏ —
“(အသျှင်ဂေါတမ) ဗေဒင်သုံးပုံ ‘ဝိဇ္ဇာ’တို့နှင့် ပြည့်စုံ၍ အမျိုးသန့်သော များသော အကြားအမြင်နှင့်လည်း ပြည့်စုံလျက် ဗေဒင်သုံးပုံ ‘ဝိဇ္ဇာ’ အမျိုး၏ အကျင့် ‘စရဏ’နှင့် ပြည့်စုံသော ထိုသူသည် ဤနို့ဃနာဆွမ်းကို သုံးဆောင်ထိုက်ရာ၏”ဟု လျှောက်၏။
ပုဏ္ဏား ဇာတိ, သုတ, ဝိဇ္ဇာ, စရဏဟူသော စကားကို များစွာ ဆိုသော်လည်း ‘ယောက်သွားပုပ်ကဲ့သို့’ ကိလေသာ အတွင်းပုပ်သော ညစ်ညူးခြင်းရှိသော ဟန် ဆောင်မှုတို့ဖြင့် ခြံရံသူသည် အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်။
“အကြင်ရဟန်းသည် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိ၏၊ နတ်ပြည်ကိုလည်းကောင်း,့အပါယ်ကိုလည်းကောင်း မြင်၏။ ထိုမှတစ်ပါး ဇာတိ၏ကုန်ရာ (အရဟတ္တ ဖိုလ်) သို့ ရောက်၏၊ ထိုရဟန်းသည်သာ ထူးသောဉာဏ်ဖြင့် သိ၍ ဘဝ၏ အဆုံးသို့ ရောက်၏။
ဤသုံးပါးသော အသိဉာဏ် ‘ဝိဇ္ဇာ’တို့ဖြင့် ဝိဇ္ဇာသုံးပါးရှိသူသည် ဗြာဟ္မဏမည်၏၊ ဝိဇ္ဇာစရဏနှင့် ပြည့်စုံသော ထိုဗြာဟ္မဏသည် ဤနို့ဃနာဆွမ်းကို စားထိုက်၏”ဟု (မိန့်တော်မူ၏)။
“အသျှင်သည် ဗြာဟ္မဏ မည်တော်မူပါပေ၏၊ အသျှင်ဂေါတမသည် ဘုဉ်းပေးတော်မူပါလော့”ဟု လျှောက်၏ —
“ပုဏ္ဏား ဂါထာဖြင့် သီဆို၍ ရအပ်သော ဆွမ်းကို ငါဘုရား မသုံးဆောင်၊ (ပုဏ္ဏား အကျိုးအကြောင်းကို) သိမြင်ကုန်သော သူတော်ကောင်းတို့အား ဤသုံး ဆောင်ခြင်းသည် တရားသဘောသို့ မသက်ဝင်၊ ဘုရားသျှင်တို့သည် ဂါထာတို့ဖြင့် သီဆို၍ ရအပ်သော ဆွမ်းကို ပယ်ကုန်၏။ ပုဏ္ဏား ဤသည်လျှင် သူတော်ကောင်း တရား၌ တည်ကုန်သော ဘုရားရှင်တို့၏ အသက်မွေးခြင်းတည်း။
ပုဏ္ဏား ဂုဏ်ကျေးဇူးကို ရှာမှီးတတ်သော နောင်တပူပန်မှု ငြိမ်းပြီးသော အလုံးစုံ ကိစ္စ ပြီးပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ဂါထာဖြင့် သီဆို၍ ရသော ဆွမ်းမှ တစ်ပါး အခြားသော ဆွမ်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း လုပ်ကျွေးလော့။ ထိုရဟန္တာပုဂ္ဂိုလ်သည် ကောင်းမူကို အလိုရှိသော သူ၏ လယ်မြေကောင်းသဖွယ် ဖြစ်၏”ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူသည်ရှိသော် အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ”ဟု လျှောက်၏။ပ။ အသျှင်အဂ္ဂိကဘာရဒွါဇသည် ရဟန္တာ ပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2015)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2024)
Norsk
- Kåre A. Lie (2015)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—အဂ္ဂိကသုတ်
အကြောင်းအရာများ [၁]
English