ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2011)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ—မောဂ္ဂလ္လာနသုတ်
၂၁၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဣသိဂိလိတောင်နံပါး မည်းနက်သော ကျောက်ဖျာ၌ ရဟန္တာချည်းသာလျှင် ဖြစ်ကုန်သော ငါးရာအတိုင်းအရှည်ရှိကုန်သော များစွာသော ရဟန်း သံဃာနှင့် အတူ (သီတင်းသုံး) နေတော်မူ၏၊ အသျှင်မဟာမောဂ္ဂလာန်သည် ထိုရဟန်းတို့၏ ‘ဥပဓိ’မရှိ သော ကိလေသာမှ လွတ်သော စိတ်ကို မိမိ၏ စိတ်ဖြင့် ကောင်းစွာ ဆင်ခြင်၏၊ ထိုအခါ အသျှင်ဝင်္ဂီသအား ဤအကြံသည် ဖြစ်၏— “ဤမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဣသိဂိလိတောင်နံပါး မည်းနက်သော ကျောက်ဖျာ၌ ရဟန္တာချည်းသာလျှင် ဖြစ်ကုန်သော ငါးရာအတိုင်းအရှည်ရှိကုန်သော များစွာသော ရဟန်း သံဃာနှင့်အတူ (သီတင်းသုံး) နေတော်မူ၏၊ အသျှင်မောဂ္ဂလာန်သည် ထိုရဟန်းတို့၏ ‘ဥပဓိ’မရှိသော ကိလေသာမှ လွတ်သော စိတ်ကို မိမိ၏ စိတ်ဖြင့် ကောင်းစွာ ဆင်ခြင်၏၊ ငါသည် အသျှင်မဟာမောဂ္ဂလာန် ကို မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်ကုန်သော ဂါထာတို့ဖြင့် ချီးကျူးရမူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ အပေါ်ရုံကို တင်ကာ မြတ်စွာဘုရားအား “မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏၊ “ဝင်္ဂီသ သင်၏ ဉာဏ်၌ ရှေးရှုထင်စေလော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် အသျှင်မဟာ မောဂ္ဂလာန်ကို မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်ကုန်သော ဂါထာတို့ဖြင့် ချီးကျူး၏။—
“ဣသိဂိလိတောင်နံပါး၌ သီတင်းသုံးနေတော်မူသော ဝဋ်ဆင်းရဲ၏ ကမ်းတစ်ဖက် သို့ ရောက်တော်မူသော မြတ်စွာဘုရားကို ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံကုန်သော မစ္စုမာရ် ကို ပယ်စွန့်ကုန်ပြီးသော ငါးရာသော တပည့်ရဟန္တာတို့သည် ဆည်းကပ်ကုန်၏။
ကြီးသော တန်ခိုးရှိတော်မူသော မောဂ္ဂလာန်သည် ထိုရဟန္တာတို့၏ ကိလေသာမှ လွတ်သော ဥပဓိ မရှိသော စိတ်ကို ဆင်ခြင်သည်ရှိသော် ထိုရဟန္တာတို့ကို မိမိ စိတ်ဖြင့် ပိုင်းခြား၍ သိ၏။
တပည့်အပေါင်းတို့သည် ဤသို့ အလုံးစုံဂုဏ်အင်္ဂါနှင့် ပြည့်စုံသော၊ ဝဋ်ဆင်းရဲ၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော၊ များစွာသော အကြောင်းဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသော၊ ဂေါတမအနွယ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ဆည်းကပ် ကုန်၏”ဟု (ချီးကျူး၏)။
ဘာသာပြန်ချက်များ [၁၇]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2011)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
ဝ—မောဂ္ဂလ္လာနသုတ်
အကြောင်းအရာများ [၁]
English