ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2011)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—နိက္ခန္တသုတ်
၂ဝ၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ အသျှင်ဝင်္ဂီသသည် အာဠဝီပြည် အဂ္ဂါဠဝစေတီကျောင်း၌ အသျှင်နိဂြောဓကပ္ပမည်သော ဥပဇ္ဈာယ်ဆရာနှင့်အတူ နေ၏၊ ထိုအခါ အသျှင်ဝင်္ဂီသ သည် ရဟန်းပြု၍ မကြာသေးသည် ဖြစ်ရကား ကျောင်းစောင့် နေရစ်ခဲ့ရသော ရဟန်းငယ် ဖြစ်၏၊ ထိုအခါ များစွာသော မိန်းမတို့သည် အထိုက်အလျောက်သော တန်ဆာဖြင့် ဆင်ယင်ကုန်၍ အဂ္ဂါဠဝစေတီကျောင်း သို့ ကျောင်းကြည့် လာကြကုန်၏၊ ထိုအခါ ဝင်္ဂီသသည် ထိုမိန်းမတို့ကို မြင်သောကြောင့် မမွေ့လျော်ခြင်း ဖြစ်၏၊ တပ်မက်ခြင်း ‘ရာဂ’ သည် စိတ်ကို ဖျက်ဆီး၏၊ ထိုအခါ အသျှင်ဝင်္ဂီသအား ဤအကြံသည် ဖြစ်၏ — “အကြင်ငါ့အား မမွေ့လျော်သည် ဖြစ်၍ တပ်မက်ခြင်း ‘ရာဂ’သည် စိတ်ကို ဖျက်ဆီး၏၊ ထိုငါ့အား အရ မတော်စွတကား၊ ငါ့အား ကောင်းစွာ ရခြင်း မဖြစ်လေစွတကား၊ ငါ့အား ရဟန်းအဖြစ်ကို မကောင်း သဖြင့် ရခြင်း ဖြစ်လေစွတကား၊ ငါ့အား ရဟန်းအဖြစ်ကို ကောင်းစွာ ရခြင်း မဖြစ်လေစွတကား၊ ဤရာဂ ဖြစ်ပေါ်လာရာ၌ ငါ့အား မမွေ့လျော်ခြင်းကို ဖျောက်၍ မွေ့လျော်ခြင်းကို ဖြစ်စေနိုင်ရာသော တစ်ပါးသူကို အဘယ်မှာ ရနိုင်ပါအံ့နည်း၊ ငါသည် ကိုယ်တိုင်ပင်လျှင် မိမိ၏ မမွေ့လျော်ခြင်းကို ဖျောက်၍ မွေ့လျော်ခြင်း ကို ဖြစ်စေနိုင်ရမူကား ကောင်းလေစွတကား”ဟု အကြံ ဖြစ်၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် ကိုယ်တိုင် ပင်လျှင် မိမိ၏ မမွေ့လျော်ခြင်းကို ဖျောက်၍ မွေ့လျော်ခြင်းကို ဖြစ်စေပြီးသော် ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆို၏—
“လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ငြိမ်သက်နေသော ငါ့ကို ကာမ ဝိတတ်တို့သည် ပြေးဝင်လာကုန်ပြီတကား။ ဤခက်ထန် , ကြမ်းကြုတ်မှုတို့သည် မည်းနက်သော မာရ်၏ အသင်းအပင်းမှ ပြေးဝင်လာကုန်ပြီတကား။
သင်ပြီးသော လေးအတတ်ရှိကုန်သော ခိုင်ခံ့သောလေးကို စွဲကိုင်ကုန်သော လေး သမားကြီး ဖြစ်ကုန်သော မပြေးတတ်ကုန်သော တစ်ထောင်မျှသော ထင်ရှားသော မင်းသားတို့သည် ထက်ဝန်းကျင်မှ ဝိုင်းအုံပစ်ကြကုန်၏။
ဤမျှ လေးသည်တော် တစ်ထောင်ထက် သာလွန်၍ (ရူပါရုံစသော မြားငါးစင်းတို့ကို တစ်ပြိုင်နက် ပစ်ခြင်းငှါ စွမ်းနိုင်ကုန်သော) မိန်းမတို့သည် အကယ်၍ လာ ကုန်အံ့၊ (ဤသို့ လာကုန်သော်လည်း) မိမိတရား၌ တည်နေသော ငါ့ကို တုန်လှုပ် စေခြင်းငှါ မစွမ်းနိုင်ကုန်လတ္တံ့။
ထိုစကား မှန်၏။ ငါသည် နိဗ္ဗာန်ကို ရကြောင်း ဝိပဿနာကို နေမင်း၏ အဆွေ ဖြစ်တော်မူသော မြတ်စွာဘုရား၏ (မျက်မှောက်တော်မှ) ဤသို့ ကြားနာဖူး၏၊ ထို နိဗ္ဗာန်ကို ရကြောင်း ဖြစ်သော ဝိပဿနာ၌ ငါ၏ စိတ်သည် မွေ့လျော်ခြင်း ရှိ၏။
ဟယ် ကိလေသာယုတ် ဤသို့ နေသော ငါ့ကို အကယ်၍ ကပ်လာငြားအံ့၊ ဤသို့ ကပ်လာသည်ရှိသော် ဟယ် သေစေတတ်သော ကိလေသာယုတ် အကြင်အခြင်းအရာဖြင့် ပြုသည်ရှိသော် ငါ၏ သွားရာလမ်းကို သင် မမြင်ရလတ္တံ့၊ ထိုအခြင်းအရာဖြင့် ငါ ပြုလုပ်အံ့”ဟု (ရွတ်ဆို၏)။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Español
- Anton P. Baron (2011)
Català
- Albert Biayna Gea
Português
- Michael Beisert (2005)
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—နိက္ခန္တသုတ်
အကြောင်းအရာများ [၁]
English