ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano (1999)
Español
- Anton P. Baron (2011)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဂန္ဓတ္တေနသုတ်
၂၃၄။ အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ ထို ရဟန်းသည် ဆွမ်စားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့သည်ရှိသော် ရေကန်သို့ သက်ဆင်း၍ ပဒုမ္မာကြာကို နမ်း၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်းအား အစဉ်သနားခြင်းရှိသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် ထိုရဟန်းကို ထိတ်လန့်စေလိုရကား ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—
“အချင်း သင်သည် အရှင် မပေးအပ်သော ကြာပန်းကို နမ်းဘိ၏၊ ထိုနမ်းခြင်း သည် ခိုးခြင်းတို့တွင် အင်္ဂါတစ်ပါးတည်း၊ အချင်း သင်သည် အနံ့သူခိုး ဖြစ်၏”ဟု လျှောက်၏။
“နတ်သား ငါသည် ပဒုမ္မာကြာကို ယူလည်း မယူ၊ ချိုးလည်း မချိုး၊ အဝေးမှ ကား နမ်းမိ၏၊ သို့ဖြစ်လျက် အဘယ်အကြောင်းကြောင့် ငါ့ကို အနံ့သူခိုးဟူ၍ ဆို အပ်သနည်း။
အကြင်သူသည် ကြာစွယ်တို့ကို တူး၏၊ ကြာဖြူပွင့်တို့ကို ချိုးဖဲ့ဖျက်ဆီး၏၊ မစင် ကြယ်သော အကျင့်ရှိသော ထိုသူကိုမူကား ကြာသူခိုးဟူ၍ အဘယ့်ကြောင့် မဆိုအပ် သနည်း”ဟု ပြန်ပြော၏။
“ယောကျာ်းသည် မကောင်းမှု အမျိုးမျိုးဖြင့် ပြွမ်း၍ နေ၏၊ ‘နို့ထိန်းသည် မိန်းမ၏ အဝတ်ကဲ့သို့’ အညစ်အကြေးတို့ဖြင့် အလိမ်းလိမ်း ကပ်နေ၏၊ ထိုသူ၌ ငါ့အား ဆိုဖွယ်စကား မရှိ၊ သင့်ကိုသာလျှင် ဆိုထိုက်၏။
ကိလေသာ မရှိသော အမြဲ စင်ကြယ်ခြင်းကို ရှာမှီးလေ့ရှိသော ယောကျာ်းအား သားမြီးဖျားမျှလောက်ရှိသော မကောင်းမှုသည် ‘တိမ်တိုက်ကဲ့သို့’ ထင်၏”ဟု (လျှောက်၏)။
“တောစောင့်နတ် စင်စစ် သင်သည် ငါ့ကို (စင်ကြယ်၏ဟု) သိပေ၏၊ သင်သည် ငါ့ကို အစဉ်သနားစောင့်ရှောက်ပေ၏။ အကြင်အခါ ဤသို့ သဘောရှိသော အမှုကို သင် မြင်၏၊ ထိုအခါ၌လည်း နောက်ထပ် ဆိုလှည့်ပါလော့”ဟု (ဆို၏)။
“ရဟန်း ငါတို့သည် သင့်ကို မှီ၍ အသက်မမွေးကုန်၊ သင်၏ အခစား မဟုတ် ကုန်။ အကြင်အမှုဖြင့် သုဂတိဘုံသို့ ရောက်ရာ၏၊ ထိုအမှုကို သင်သည်သာလျှင် သိလေလော့”ဟု (လျှောက်၏)။
ထိုအခါ ထိုရဟန်းသည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။
ဝနသံယုတ် ပြီး၏။
ဘာသာပြန်ချက်များ [၁၈]
English
- Bhikkhu Sujato
繁體字
- 莊春江
日本語
- 関西パーリ語実習会 (2023)
Deutsch
- Sabbamitta (2019)
- Wilhelm Geiger (1925)
Italiano
- Enzo Alfano (1999)
Español
- Anton P. Baron (2011)
Català
- Albert Biayna Gea
Русский
- SV theravada.ru (2013)
Norsk
- Kåre A. Lie (2016)
Srpski
- Branislav Kovačević (2023)
বাংলা
- ইন্দ্রগুপ্ত ভিক্ষু, বঙ্গীস ভিক্ষু, অজিত ভিক্ষু, সীবক ভিক্ষু (2018)
Việt Ngữ
- Thích Minh Châu
Bahasa Indonesia
- Indra Anggara
සිංහල
- A.P. de Zoysa
ပြန်သွားရန်
- Pitaka Myanmar Translation
ภาษาไทย
- Siam Rath
पाळिभासा (Pāli)
- Mahāsaṅgīti Tipiṭaka
ကိုးကားချက်
- Sutta Central
—ဂန္ဓတ္တေနသုတ်
အကြောင်းအရာများ [၁]
English